နေ့တိုင်း စာဖတ်တယ်နော်။
စာဖတ်တယ်လို့မစဉ်းစားဘူး။
ကိုယ့်ကိုကိုယ် train နေတာလို့စဉ်းစားတယ်။
Gym သွားဆော့တယ်နော်။
သွားဆော့တာ မဟုတ်ဘူး။
သွား train နေတာ။
နေ့တိုင်း စာတွေရေးတယ်နော်။
စာရေးတယ်ဆိုတာထက်
ကိုယ့်ကိုကိုယ် စာရေးတဲ့စွမ်းအား
တိုးတက်အောင် train နေတာ။
စာသင်၊ အကြံပေး၊ digital product ထုတ်၊
လုပ်ငန်းတွေအတွက် မဟာဗျူဟာချပြီး
check ပြန်လုပ်ပေး ဒါတွေအကုန်လုံးက
ကိုယ့် skill ကို မကျသွားအောင်
train လုပ်နေတာပဲ။
ဘောလုံးမကန်တာကြာတဲ့ ဘောလုံးသမားက
အရင်လို performance ကောင်းနေမယ်
ထင်လို့လား။
ဦးနှောက်နဲ့သိပ်မစဉ်းစားတဲ့သူတစ်ယောက်၊
မလေ့လာနေတဲ့ သူတစ်ယောက်ဦးနှောက်က
ဖြတ်လတ်နေမယ်ထင်လို့လား။
စိတ်ဓာတ်ရေးရာသေချာ မ train ထားတဲ့
သူတစ်ယောက်က
လောကဓံအထုအထောင်းကို
ဒူပေဒါပေ ခံမယ်ထင်လို့လား။
ကျွန်တော်ကတော့မထင်ဘူး။
ဒါကြောင့် ကိုယ့်ကိုကိုယ် train နေရတယ်။
ဒါမှ ဒီထက်ပိုဝေးတဲ့ ခရီးနှင်နိုင်မယ်။
Phyo Paing @ Derek