Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့လည်အကြာကြီး အိပ်လိုက်ရင် အိပ်ချင်မူးတူးဖြစ်နေပြီး Productivity အပေါ် သက်ရောက်မှာရှိတယ်။

ဦးနှောက်အဓိက အသုံးပြုအလုပ်လုပ်ရတဲ့အခါ
ဦးနှောက်ပင်ပန်းနွယ်နယ်မှု အဆင့်တစ်ခုကို
အမြဲ ဖြတ်သန်းရတယ်။
အဲ့ဒီအချိန်မှာ ဦးနှောက်လှိုင်းက
Theta brain wave အခြေအနေမှာရှိတယ်။

ဒါကို recharge လုပ်တဲ့နည်းက ၁၅ မိနစ်အိပ်တာပဲ။
အဲ့ဒီအချိန်မှာ သတိထားရတာ မိနစ် ၃၀ ထက်
မကျော်ဖို့ပဲ။ မဟုတ်ရင် တိုင်ပတ်ပြီ။

ဘာကြောင့်လဲဆိုတော့ တခါတလေ
နေ့လည်မှာ အရမ်းအိမ်ပျော်သွားပြီး
အလုပ်အတွက် မထချင်တာမျိုးကြုံဖူးလိမ့်မယ်။

ဒါဘာကြောင့်လဲဆိုတော့ sleep cycle ထဲရောက်သွားလို့။
အိပ်ဆက်ပြီဆိုရင် Sleep Cycle တစ်ပတ်ပြည့်ဖို့
မိနစ်ကိုးဆယ်ကြာတယ်။
အဆင့်ငါးဆင့်ကို ဖြတ်သန်းရတယ်။
အဲ့ဒီ sleep cycle ထဲရောက်သွားရင်
မိနစ်ကိုးဆယ်ပြည့်တဲ့အထိ လူကနှုံးနေတတ်တယ်။
ဒါကြောင့် နေ့လည်ခဏအိပ်တာ ၁၅-၂၀ မိနစ်ကတော့
အကောင်းဆုံးပါပဲ။

ခဏနဲ့ အိပ်မပျော်ရင်
နောက်တစ်နည်းကတော့ ဦးနှောက်လှိုင်း
Gamma wave ကိုပြောင်းဖို့ တရားထိုင်တာပဲ။
ပုံမှန် ဝိပ္ပဿနာနည်းထက် Headspace နဲ့
Balance App ကိုတော့ အသုံးပြုဖြစ်တယ်။
Headspace ကတော့ 2015 လောက်က
စသုံးဖြစ်တယ်။
Balance ကတော့ အစပိုင်းသုံးရတာမဆိုးဘူး။
ဒါပေမယ့် Spatial memory တိုးတက်တဲ့အပိုင်း၊
Chakara align လုပ်တာကတော့ headspace က
ပိုခရီးရောက်တယ်လို့မြင်တယ်။

ကိုယ့်ဦးနှောက်လှိုင်းနဲ့ ဟော်မုန်းအပြောင်းအလဲကလဲ
နေ့စဥ် အလုပ်လုပ်တဲ့အပိုင်းကို သက်ရောက်မှု
အကြီးကြီးရှိတယ်။

Phyo Paing @ Derek

Share Your Idea!​