ပညာဆိုတာ အရသာခံဖို့
ပညာမတတ်ရင် အရသာမခံတတ်ဘူး။
ပညာမတတ်ရင် မမြင်တတ်ဘူး။
ပညာမတတ်ရင် မကြားတတ်ဘူး။
ဂီတပညာကောင်းကောင်းတတ်တဲ့သူနဲ့
သာမာန်သူနဲ့ ဂီတခံစားရတဲ့
အာရုံအတိမ်အနက်မတူသလိုပဲ။
ပညာဆိုတာ အင်္ဂလိပ်လို knowledge တဲ့။
အကြောင်းအရာတစ်ခုနဲ့ ရင်းနှီးမှုတဲ့။
နည်းပညာအကြောင်း မရင်းနှီးရင်
နည်းပညာအရသာခံဖို့မလွယ်ဘူး။
စိတ်ပညာအကြောင်းမသိရင်
လူတွေကို နားလည်ဖို့ မလွယ်ဘူး။
Phyo Paing @ Derek