အမှားနဲ့ အမှန်ကို
ကွဲကွဲပြားပြားသိဖို့ ပညာသင်တယ်လို့
အရင်ကဆိုခဲ့ကြတယ်။
တကယ့်ဘဝထဲရောက်တဲ့အခါ
အမှားနဲ့ အမှန်နှစ်ခုထဲရှိနေတာမဟုတ်တဲ့အခါ
လူတွေ တိုင်ပတ်ကြတယ်။
ပေးတိုင်းမရတဲ့အထဲမှာ ပညာပါတယ်။
ပညာပေးတိုင်း ပညာမရဘူး။
ပညာဆိုတာ ရှာမှရတယ်။
ပညာတကယ်တတ်လာရင် အငြင်းသန်တာ
နည်းလာမယ်။
တစ်ဖက်ပိတ်တာ လျော့သွားမယ်။
လူတွေကို ပိုနားလည်တတ်လာမယ်။
ပြဿနာတစ်ခုရဲ့ အတိမ်အနက်ကို
စဥ်းစားတတ်လာမယ်။
ဘာကြောင့်လဲဆိုတော့
ခွဲခြမ်းစိတ်ဖြာ စဥ်းစားတတ်သွားတာရယ်၊
မတူညီတဲ့ ရှုထောင့်တွေက မြင်တတ်သွားတာရယ်၊
ကိစ္စတစ်ခုကို ရှေ့နောက်တောင်မြောက်
အပေါ်အောက် မြင်တတ်သွားတာရယ်ကြောင့်။
အရင်က ကျောင်းတက်ခဲ့တာကို
ပညာတတ်ခဲ့တယ်လို့ ထင်ခဲ့ဖူးတယ်။
အမှန်တော့ ဘွဲ့ရ ပညာမတတ်
မဖြစ်ရလေအောင် ဒီနေ့လို
အပြောင်းအလဲ များလွန်းလှတဲ့ခေတ်မှာ
ပုံမှန်လေ့လာသွားဖို့လိုတယ်။
Phyo Paing @ Derek