Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပညာတစ်ခုတည်းက ချမ်းသာစေမှာမဟုတ်ဘူး။

ပညာမတတ်ရင် ဒီခေတ်က
သိပ်လွယ်တဲ့ခေတ်မဟုတ်ဘူး။
ဘယ်နေရာမှာပဲနေနေ။​
ဒါကြောင့်လဲ မိဘတွေက
သားသမီးတွေကို private school
international school တွေမှာ
ပညာ အမွေပေးကြတယ်။

NasDaily သာ Harvard မတက်ခဲ့ရင်
ဒူဘိုင်းက သူဌေးတွေ၊ ကမ္ဘာ့ခေါင်းဆောင်
တွေအတွက် video ရိုက်တဲ့အခါ
တွေ့တဲ့အခါ အခက်အခဲဖြစ်မှာပဲ။
Nas Company အတွက်
fundraising မှာ ဒီလောက်
လွယ်ချင်မှ လွယ်ခဲ့လိမ့်မယ်။

ဒီ background လေးရှိတော့
လူရိုသေရှင်ရိုသေပိုဖြစ်စေသလို
ယုံကြည်မှုနဲ့ social proof ကိုလည်း
ပိုဖြစ်စေတယ်။
Dropout ဆိုတာ သာမာန်ကျောင်းက
dropout မဟုတ်ကြဘူး။
အများစုက Ivy League တို့
ကျောင်းကောင်းက dropbout တွေ။

ပညာမတတ်ရင် တောကလူတွေကိုပဲ
လွှမ်းမိုးလို့ရမယ်။
လူတွေက ပညာတတ်လေလေ
စဥ်းစားတတ်လေလေ။
တစ်ခုခုဆို သေချာစဥ်းစားတဲ့အတွက်
လွမ်းမိုးဖို့ပိုခက်လေလေ။

ပညာတစ်ခုတည်းက ချမ်းသာစေမှာမဟုတ်ဘူး။
ဒါပေမယ့် သေချာအသုံးချနိုင်ရင်
လွှမ်းမိုးနိုင်စွမ်းတစ်ခုဖြစ်စေတယ်။

Phyo Paing @ Derek

Share Your Idea!​