Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်

ပညာတတ်တတ် မတတ်တတ်
ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်။
ပညာတတ်လေလေ
အဆင့်မြင့်စီးပွားလုပ်နိုင်လေလေ။
ပညာတတ်တွေကို
ဦးဆောင်နိုင်လေလေ။
ဒါကြောင့် ပညာသင်ကြတယ်။

သားသမီးတွေကို ပညာတတ်ဖြစ်အောင်
ပြုစုပျိုးထောင်ဖို့ ငွေကုန်ခံကြတယ်။
“တကယ်” ပညာတတ်လေလေ
အဆင့်မြင့်တဲ့ အလုပ်လုပ်နိုင်လေလေ။

ခေတ်၊ စနစ်နဲ့ တတ်တဲ့ပညာ
အံဝင်ဂွင်ကျဖြစ်ဖို့တော့ အရေးကြီးနိုင်တယ်။
နိုင်ငံသေးလေးမှာ အာကာသသွားချင်လို့မရဘူး။
တတိယနိုင်ငံလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့
ပထမနိုင်ငံမှာလိုအပ်တဲ့ ကျွမ်းကျင်မှုမတူဘူး။
နိုင်ငံသေးလေးမှာလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့
နိုင်ငံကြီးမှာ လိုအပ်တဲ့ကျွမ်းကျင်မှုလဲ မတူပြန်ဘူး။​

ခေတ်၊ စနစ်နဲ့ စကေး ဒီသုံးခု
အံဝင်ဂွင်ကျဖြစ်ဖို့လဲလိုနိုင်တယ်။

ကိုယ့်အတတ်ပညာက တစ်နေရာမှာသုံးမရရင်
သုံးလို့ရတဲ့နေရာ သွားရမှာက
ယုတ္တိကျတဲ့အရာတစ်ခု ဖြစ်နိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​