“ကား” ဆိုတဲ့ စကားလုံးဆိုပါတော့။ လူတွေက ကိုယ်မြင်ချင်တာပဲမြင်တာ။ တချို့က sport car၊ တချို့က နိဗ္ဗာန်ယာဥ်၊ တချို့က ကားအနက်၊ အနီ၊ model မတူ၊ color မတူ၊ စဥ်းစားပုံမတူဘူး။ ဘာကွာလဲဆိုတော့ သူ့ဦးနှောက်ထဲရှိတဲ့ reprentation system ကိုပဲ project လုပ်ကြတယ်။
ပညာသင်၊ စာဖတ်၊ ကိုယ့်ထက်တတ်သိတဲ့သူတွေပြောတာ နားထောင်လေ့လာတာဟာ ကိုယ်မမြင်တဲ့ရှုထောင့်၊ မမြင်တဲ့အမြင် မြင်နိုင်အောင်လေ့လာတာဖြစ်တယ်။
Physics မလေ့လာခင်က ပုံရိပ်မြင်ရင် မြင်တယ်ပဲသိတာ။ ရူပဗေဒသင်ပြီးတော့ အရာဝတ္ထုတွေကနေ photons ဆိုတဲ့ particle လွတ်တယ်။ ဒါကို မျက်လုံးမှာပါတဲ့ retina ထဲက sensory က အာရုံခံနိုင်လို့ ပုံရိပ်တွေမြင်ရတာဆိုတာ သိလာတယ်။
ဆရာတော်ဘုရားတွေရဲ့ တရားနဲ့ လေ့ကျင့်မှုတွေနာယူတော့ မြင်တယ်ဆိုတာ အာရုံ၊ မြင်ရင်မြင်တယ်မှတ်၊ ကြားရင်ကြားတယ်မှတ်၊ နာရင်နာတယ်မှတ်။ ဒီအာရုံတွေကို ရှုမှတ်ပြီး ဒုက္ခ၊ အနိစ္စ၊ အနတ္တဆိုတာသိ ဘဝဆိုတာ ဒုက္ခဆိုတာ နားလည်စ ပြုလာတယ်။
စိတ်ပညာလေ့လာတော့ မြင်တယ်ဆိုတာ အာရုံစိုက်လို့။ တစ်စက္ကန့်မှာ 2 million bits of information ကို ထိတွေ့နေရတယ်။ လူအနေနဲ့ 134 bits/s ပဲ process လုပ်နိုင်တယ်။ ဒီတော့မင်းက generalization, deletion, distortion ဆိုတာလုပ်ရတယ်။ ဒါကိုလုပ်တာ belief, values, past experience အစရှိတာတွေပါတယ်။ မင်းဦးနှောက်မှာပါတဲ့ Reticular activating system (RAS) က ယုံကြည်တဲ့အတိုင်းမြင်တာကွ။ လူတွေ ဒုက္ခရောက် oxygen ပြတ်နေတာကို လူကိုလူလိုနားလည်သူက ကူညီဖေးမပေမယ့်၊ လောဘတက်နေတဲ့ကောင်က အသက်မသေချင်ရင် ဝယ်မှာပဲဆိုပြီး စျေးတင်ရောင်းတယ်ဆိုတာ ဖြစ်လာတယ်။ ဒါကိုနားလည်လာတယ်။
အဲ့တော့ လူတွေက မြင်ချင်သလိုမြင်နေကြတာ။ ပညာသင်တယ်ဆိုတာ အမြင်ဖွင့်တာပဲ။ ပညာမျက်လုံးတွေဖွင့်မှပဲ သူများမမြင်တာကို မြင်နိုင်လိမ့်မယ်။
အဘထရှူပြီး oxygen ပိုတက်လာတယ်ဆိုတော့ chemistry မှာ ကျွန်တော်တို့သင်ခဲ့တဲ့ periodic table ဆိုတာ စာမေးပွဲအောင်ဖို့တစ်ခုတည်းလား စဥ်းစားမိလာတယ်။ ရာထူးဂုဏ်အတွက်ပဲ ဘွဲ့လက်မှတ်တွေယူတာထက် တကယ်တတ်ဖို့ယူတာမျိုးဖြစ်ဖို့လိုတယ်။ ပညာက မျက်လုံးတွေကို ဖွင့်ပေးတယ်။ အမြင်ကျယ်စေတယ်။
Phyo Paing @ Derek
#opinions
#အတွေးအမြင်