မပြောင်းလဲတဲ့ အရာတွေရှိတယ်။
ပြောင်းလဲသွားတဲ့ အရာတွေရှိတယ်။
အခြေခံသဘောတရားတွေက
မပြောင်းလဲဘူး။
ခေတ်ကာလအယူအဆတွေက
ပြောင်းလဲသွားတယ်။
မပြောင်းလဲတဲ့ အခြေခံသဘောတရားတွေကို
“အခြေခံ အမှန်တရား” လို့ခေါ်တယ်။
ဒီ fundamental truths တွေကို
နားလည်ဖို့ ပညာသင်ကြတယ်။
ဗုဒ္ဓဘာသာမှာ ဘဝရဲ့
အခြေခံအမှန်တရားကို
သစ္စာလေးပါးနဲ့ ဖော်ပြတယ်။
သစ္စာဆိုတာ မဖောက်ပြန်တဲ့
အမှန်တရား။
ပညာရပ်တစ်ခုလေ့လာတဲ့အခါ
ဒီ မဖောက်ပြန်တဲ့ အမှန်တရားတွေရှိတယ်။
ဆေးပညာမှာလဲရှိတယ်။
စီးပွားရေးပညာမှာလဲရှိတယ်။
စိတ်ပညာမှာလဲရှိတယ်။
နည်းပညာမှာလဲရှိတယ်။
ကိုယ်က မဟာဗျူဟာချမှတ်တဲ့
ဦးဆောင်တဲ့သူဆိုရင်
ဒီ မဖောက်ပြန်တတ်တဲ့အမှန်တရားတွေကို
တွေးနိုင်၊ ကြည့်နိုင်၊ မြင်နိုင်ဖို့လိုတယ်။
နယ်ပယ်တစ်ခုကို ဖောက်ထွက်တွေးနိုင်တယ်ဆိုတာ
ဒီ မဖောက်ပြန်တဲ့ အမှန်တရားတွေကို
သေချာ နားလည်သဘောပေါက်လို့။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay