သည်၏မရွေး ကျက်ခဲ့
အလွတ်ကျက်ကျောင်းပညာရေး
စနစ်နဲ့ ကြီးလာတဲ့
ကျွန်တော်တို့ ဂျန်နရေးရှင်းနဲ့
ခုခေတ် ကျောင်းကောင်းတွေမှာ
ကြီးလာတဲ့ ဂျန်နရေးရှင်းနဲ့ တော်တော်ကွာတယ်။
လူတွေကို လေးလေးစားစား
ဆက်ဆံတတ်တာ၊
လူကြီးလူကောင်းလို ပြုမူနေထိုင်ပြောဆိုတတ်တာ၊
စဥ်းစားတတ်တာ
ကလေးအရွယ်ကတည်းက ကွာတယ်။
ကိုယ်တွေက ကိုယ်နဲ့မတူရင်
မှားတယ်လို့ ထင်ပြီး
တခြားသူကို ဟားတိုက်ပြောင်းလှောင်ပြီး
ကြီးလာတဲ့ ဘလိမ်းမာ ဂျန်နေရေးရှင်းကဆိုတော့
အကျင့်ဆိုးတွေ တော်တော်ဖျောက်ယူရတယ်။
ခုထိ အကုန်မပျောက်သေးဘူး။
ပညာရေးက လူတွေရဲ့
စဥ်းစားပုံ၊ အပြုအမူတွေကို
တော်တော်လေး လွမ်းမိုးတယ်။
ပြောတဲ့စကား၊ စဥ်းစားတဲ့ပုံကြည့်တာနဲ့
ဘယ်က ပညာသင်ခဲ့တယ်၊
ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ
အကြမ်းဖျင်းသိနိုင်တယ်။
Phyo Paing @ Derek