Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပညာရေးနဲ့ အသိပညာကအရင်ခေတ်ထက်ပိုအရေးကြီးလာပါမယ်။

ဘာလုပ်ရမလဲ မသိတဲ့သူကို AI က ကူညီလို့ မရဘူး။

Code ရေးတတ်တယ်။ AI က ပိုမြန်တယ်။
Design ဆွဲတတ်တယ်။ AI က စက္ကန့်ပိုင်းနဲ့ ဆွဲတယ်။
Data ခွဲခြမ်းစိတ်ဖြာတတ်တယ်။ AI က ပိုတိကျတယ်။

“ဘယ်လိုလုပ်ရမလဲ” သိတာကို technical skill လို့ ခေါ်ပါတယ်။
ဒါကို AI က သင်ထက် ပိုကောင်းကောင်း လုပ်နိုင်ပြီ။

ဒါဆို ဘာကျန်လဲ။

ပြဿနာကို ဘယ်ထောင့်ကနေ ကြည့်ရမလဲ ဆိုတာ။
Business model ကို ဘယ်လို ပြန်ဆင်ရမလဲ ဆိုတာ။
Industry ၃ ခုကြားက connection ကို မြင်တာ။
“ဒါ မှားနေပြီ” ဆိုတာ ခံစားမိတာ။

ဒါကို conceptual skill လို့ ခေါ်တယ်။
ဒါတွေ AI မလုပ်နိုင်ဘူး။

ပြီးတော့ နောက်တစ်ခု ရှိသေးတယ်။

Human skill။

Client စိတ်ဆိုးနေချိန် မျက်နှာချင်းဆိုင် ပြန်ပြောပေးဖို့ — လူ လိုတယ်။
Team လမ်းလွဲနေချိန် ပြန်ဆွဲပေးဖို့ — leader လိုတယ်။
ယုံကြည်မှု တည်ဆောက်ဖို့ — algorithm နဲ့ မရဘူး။

လူ့အထာသိဖို့က က code နဲ့ ရေးလို့ မရဘူး။

Technical skill — AI က အစားထိုးမယ်။
Human skill — အမြဲ အရေးကြီးနေမယ်။
Conceptual skill — အရေးအကြီးဆုံး ဖြစ်လာမယ်။

“ဘယ်လိုလုပ်ရမလဲ” သိတာ တန်ဖိုး ကျလာမယ်။
“ဘာလုပ်ရမလဲ” သိတာ တန်ဖိုး တက်လာမယ်။

ဘာလုပ်ရမလဲ သိတဲ့သူကိုတော့ — AI က ၁၀ ဆ မြန်အောင် ကူညီပေးနိုင်တယ်။

ပညာရေးနဲ့ အသိပညာက
အရင်ခေတ်ထက်ပိုအရေးကြီးလာပါမယ်။

Phyo Paing @ Derek

Share Your Idea!​