Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။

ပညာသင်တယ်ဆိုတာ
အမြင်ရှိဖို့။
မြင်ပြီးရင် နားလည်ဖို့။
နားလည်ပြီးရင် အသုံးပြုတတ်ဖို့။
အသုံးပြုတတ်ပြီးရင် အသစ်ဖန်တီးဖို့။

ဘွဲ့တွေအိမ်မှာ ချိပ်ထားဖို့ထက်
အများကြီးပိုတယ်။

Leonardo Da Vinci ဆို
ရေးတတ်၊ ဖတ်တတ်တာအပြင်
ကျောင်းတက်ခွင့်မရခဲ့ရှာဘူး။
ဒါပေမယ့် ကမ္ဘာ့ကျော် polymath ဖြစ်တယ်။

Edison လဲ စာဖတ်နှေးလို့
ကျောင်းကနေထုတ်ပြီး
အမေက သင်ပေးခဲ့တယ်။

Einstein က The only thing that
interferes with my learning is
my education တဲ့။

ပညာဆိုတာ ကျောင်းမှာ
တစ်ခုတည်းသင်ရတာမဟုတ်ဘူး။

ဒီနေ့ခေတ်လို့ MOOC (Massive Open Online Course)
တွေဖြစ်တဲ့ cousera တို့
online learning platform တွေ
အများကြီးပေါ်လာပြီး
သင်ယူမှုကို ကန့်သတ်ထားတာ
ကိုယ်ကိုယ်တိုင်ဖြစ်သွားပြီ။

AI တစ်ခေတ်ရောက်လာတော့
ပိုတောင်ကြမ်းလာပြီ။
ကိုယ်သိချင်တာကို နားလည်အောင်
မရှင်းပြနိုင်သေးရင်
AI ကို ၁၂ နှစ်သားအရွယ်ကိုရှင်းပြသလို
ရှင်းပြခိုင်းလို့ရတယ်။
ဥပစာ Metaphor တွေ ဖန်တီးခိုင်းလို့ရတယ်။

သင်ယူမှုနည်းပညာတွေ
တိုးတက်လာတာ
လူတွေရဲ့ စူပါပါဝါကို တိုးတက်အောင်
လုပ်လို့လွယ်လာတာပဲ။

ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​