လူတွေ ဘာကြောင့်လိုတာထက်ပို
စိတ်ဆင်းရဲကြရသလဲ။
မှန်ကန်တဲ့အမြင်မရှိလို့ပါ။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ
ပထဆုံးတစ်ပါးက
သမ္မာဒိဋ္ဌိ
မှန်သော အယူအမြင်ရှိရမယ်တဲ့။
ယုံကြည်မှုတစ်ခုတည်းနဲ့မရဘူး။
မှန်ကန်တဲ့အမြင်လိုပါတယ်။
တိုက် ၁၂ ပေါ်က ခုန်ချရင်
မသေဘူးလို့ ယုံကြည်ပြီး
သမန်သလင်းပေါ်ခုန်ချ
မသေရင်တောင် ခြေကျိုးလက်ကျိုးဖြစ်မှာပဲ။
ပညာသင်တယ်ဆိုတာ
မှန်ကန်တဲ့အမြင်ရှိဖို့။
လောကသဘာဝအကြောင်းသိဖို့
ရူပဗေဒကိုသင်တယ်။
ရေခဲတုန်းကို ပူနေတဲ့ရေထဲထည့်
အရေပျော်သွားတဲ့ အစရှိတဲ့ဓာတ်ပြုမှုတွေကို
စနစ်တကျသိဖို့ ဓာတုဗေဒသင်တယ်။
လူတွေရဲ့ခန္ဓာဖွဲ့စည်းပုံသိဖို့
ခန္ဓာဗေဒ anatomy သင်တယ်။
နိုင်ငံ့စီးပွားရေး၊ ကမ္ဘာ့စီးပွားနားလည်ဖို့
ဘောဂဗေဒ ပညာသင်တယ်။
အစရှိတဲ့ ပညာရပ်တွေကို “သေချာ”
“ထဲထဲဝင်ဝင်” သိလေလေ
မှန်ကန်တဲ့အမြင်ရှိလေလေ။
လီကွန်းယူက သူ့နိုင်ငံတည်ဆောက်တော့
သူ့ဦးဆောင်သူတွေနဲ့
ဒါတွေကို မလေ့လာပဲ စလုံးကို
တည်ဆောက်လို့ ရမယ်ထင်သလား။
မရနိုင်ဘူး။
ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။
မှန်ကန်တဲ့ အမြင်ရှိရင်
တွေးတတ်ကြံတတ် သမ္မာသင်္ကပ္ပ ရှိမယ်။
ပြောဆိုတတ် သမ္မာဝါစာ ရှိမယ်။
လုပ်ကိုင်တတ် သမ္မာကမ္မန္တ ရှိမယ်။
ဒါက မဂ္ဂင်ရှစ်ပါးရဲ့ ပထမ လေးပါးပဲ။
မှန်ကန်စွာ
တွေးတတ်၊ ကြံတတ်၊ ပြောဆို၊ လုပ်ဆောင်တတ်မယ်။
ဒီလေးခုရှိရင်
သတိ၊ သမာဓိနဲ့
အသက်မွေးမှုမှန်ကန်ရင်
ဇွဲလုံ့လဝိရယက နောက်ကလိုက်လာမယ်။
သမ်မာသတိ၊ သမ်မာသမာဓိ၊
သမ်မာအာဇီဝ၊ သမ်မာဝါယာမ
ဒါက မဂ္ဂင်ရှစ်ပါးရဲ့နောက်လေးပါးက
ပထမလေးခုမှန်ရင် အော်တိုလိုက်လာမယ်။
တခြားသူတွေကို တရားဟောဖို့လွယ်နိုင်တယ်။
ကိုယ်တိုင် နေ့စဥ် လေ့လာကျင့်သုံးဖို့ ခက်နိုင်တယ်။
ပညာဘာလို့ သင်လဲ။
မှန်ကန်တဲ့ အမြင်ရှိအောင်လို့ဆိုရမယ်။
လိုတာထက်ပို စိတ်မဆင်းရဲဖို့
မှန်ကန်တဲ့ အမြင်ရှိဖို့လိုပါတယ်။
Phyo Paing @ Derek