ပညာသင်တဲ့ ရည်ရွယ်ချက်တွေ
အများကြီးရှိတယ်။
အဲ့ထဲက တစ်ခုကတော့
လူဝင်ဆံ့အောင် သင်တာပဲ။
ကိုယ်မွေးခဲ့တဲ့နေရာလေးမှာ
သေတဖန် သက်တဆုံးကျောချမယ်ဆို
ပညာတွေ အများကြီးသင်ဖို့လိုချင်မှလိုမယ်။
ဒါမှမဟုတ် ကိုယ်မွေးတဲ့နေရာက
ပညာရေးနဲ့ လူမှုဖွံ့ဖြိုးမှုအားကောင်းရင်
ပညာတတ်ဖို့
အရမ်းအားထုတ်ရဖို့ လိုချင်မှလဲလိုမယ်။
ကလေးတွေကို လူဝင်ဆံ့ဖို့
ပညာသင်ပေးကြတယ်။
Phyo Paing @ Derek