Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။

တည်ဆောက်ခဲ့သမျှ စွန့်လွတ်ရဲဖို့ဆိုတာ
ကိုယ့်ကိုကိုယ် အဖိုးတန်အောင်
တည်ဆောက်ယူထားမှ ရမှာ။
ဒီနေ့လေ့လာထားသမျှ
ကိုယ့်ကိုကိုယ် ရင်းနှီးထားသမျှက
ဘယ်နေရာရောက်ရောက် ကိုယ်နဲ့ပါသွားမှာ။

ဒါကြောင့် ဝါရင်ဘူဖေးက
အကောင်းဆုံးရင်းနှီးမြုပ်နှံမှုက
ကိုယ့်ကိုကိုယ်ပဲတဲ့။
ဒါက ကမ္ဘာ့ပထမ ရင်းနှီးမြုပ်နှံတဲ့
ဂုရုသူကြွယ် ပြောတာနော်။
ကိုယ့်ကိုကိုယ် တိုးတက်အောင်တစ်ရက်
ဘယ်နှစ်နာရီ ရင်းနှီးမြုပ်နှံဖြစ်လဲ။

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်
ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။

အပြောင်းအလဲတစ်ခုအတွက်
အချိန်ပေးပြင်ဆင်ဖို့လိုသလို
နေ့စဉ်ဖြေးဖြေးပြောင်းလဲရတာ
ဖြစ်တဲ့အတွက် တစ်ရက်ရဲ့
စွမ်းပကားကို လျော့တွက်လို့မရဘူး။

Phyo Paing @ Derek

Share Your Idea!​