Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အောင်မြင်မှုတွေကြား လမ်းမဆုံးစေပါနဲ့။

✍️အောင်မြင်မှုဆိုတာ (ကိုယ့်ဝန်းကျင်က)
လူအများစုလုပ်နိုင်တယ်ထင်တာထက်
ပိုလုပ်နိုင်တာ အောင်မြင်မှုဖြစ်တယ်။

✍️အဖေတို့ခေတ်က (နယ်မြို့မှာ)
ဆယ်တန်းအောင်ရင် အောင်မြင်မှုပဲ။

✍️ကျွန်တော်တို့ခေတ် (အဆောင်မှာ) ဂုဏ်ထူး ငါးခု၊
ခြောက်ခုလောက်ထွက်မှ အောင်မြင်မှုဖြစ်လာတယ်။

👥(ပတ်ဝန်းကျင်) ပေါ်မူတည်ပြီး အောင်မြင်မှုရဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်ကွာသွားတယ်။

✍️ဝန်ထမ်းဘဝက sales target ထိတာ
ရာထူးတိုးခံရတာဟာ အောင်မြင်မှုပါ။
✍️သင်တန်းသားတွေ အများကြီးရှိတာ
Trainer တစ်ယောက်ရဲ့အောင်မြင်မှုလို့
သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်။
✍️စျေးကောင်းပေးတဲ့ ကျောက်တစ်လုံး
အရောင်းဝယ်ဖြစ်လိုက်တာ ကျောက်သူဌေးရဲ့
အောင်မြင်မှုဖြစ်လိမ့်မယ်။
✍️မယ်ဆုပေးပွဲမှာ ဆုရတာ အလှမယ်ရဲ့
အောင်မြင်မှုဖြစ်လိမ့်မယ်။
✍️ပညာရှင်တစ်ယောက်အတွက် သူ့စာတမ်းကို
ထိပ်တန်းပညာရပ် journal မှာဖော်ပြခံရတာဖြစ်မယ်။
✍️အသက်အရွယ်ရလာတော့ သားသမီးတွေရဲ့
ဆွတ်ခူးနိုင်မှုဟာ သင့်ရဲ့အောင်မြင်မှု
ဖြစ်လာပြန်ရော။

🧠ပတ်ဝန်းကျင်သတ်မှတ်တဲ့
အောင်မြင်မှုတွေထဲမှာ သင့်ဘဝမနစ်မြုပ်စေပါနဲ့။

👀ကိုယ်ဘာကိုဖြစ်ချင်တာလည်း သေချာစဉ်းစားပါ။
(ပတ်ဝန်းကျင်) က သတ်မှတ်တဲ့ အောင်မြင်မှုတွေဟာ
သင်သွားချင်တဲ့ Next Level ရောက်ဖို့
အတားဆီးတစ်ခုဖြစ်နိုင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​