အပျင်းကြီးတော့ မကြံ့ခိုင်ဘူး။
ကိုယ်နဲ့မဆိုင်တဲ့အကြောင်းတွေကို
လျစ်လျူရှုနိုင်တဲ့ စည်းကမ်းမရှိတဲ့အခါ
တိုးတက်မှု မရှိဘူး။
ထိန်းချုပ်လို့ရတဲ့ ပြဿနာအများစုက
စည်းကမ်းမရှိလို့ ဖြစ်တာ။
ကိုယ့်ကိုထမင်းကျွေးတဲ့အလုပ်ကို
နေ့စဥ်တိုးတက်နေအောင်လေ့လာဖို့
စည်းကမ်းမထားရင် ကျန်ခဲ့မယ်။
လုပ်မယ်လို့ကိုယ့်ကိုကိုယ်ပေးထားတဲ့
ကတိ မတည်တော့
ဘဝရဲ့ ၂၀၂၂ က ၂၀၂၁ လိုပဲ။
ဒါကြောင့် ကိုယ့်ကိုကိုယ်နေ့စဥ်
သတိပေးမိတယ်။
စည်းကမ်းရှိပါ ကိုဒဲရစ်လို့။
Phyo Paing @ Derek