Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပိုက်ဆံက motivation ပဲ

ပိုက်ဆံက motivation ပဲ။

အိပ်ကပ်ထဲငွေမပါပဲသွားတာနဲ့ငွေအပြည့်ပါတာနဲ့ခံစားချက်မတူဘူး။ ဒါကြောင့် အိပ်ဖောင်းရင်စိတ်ပြောင်းတယ်တဲ့။ ရှေးတရုတ်အယူအဆမှာ ငွေကိုရန်သူလို့ မသတ်မှတ်ဘူး။ ငွေဆိုတာ energy စွမ်းအင်တစ်ခုလို့မှတ်ယူကြတယ်။ ငွေရှိတဲ့နေရာ ငွေပိုလာတယ်။ ဒါကြောင့် bank account ထဲဟောင်းလောင်းထားတာထက်ငွေဆောင်ထားတာ ငွေပိုလာတဲ့အယူအဆဖြစ်တယ်။ ငွေကိုချစ်တာ ပြဿနာမဟုတ်ဘူး။ ချစ်ရက်နဲ့ မချစ်ဘူးလို့ညာတာ ပြဿနာ။ ငွေဆိုတာ စွမ်းအင်တစ်ခုပါ။ အဲ့စွမ်းအင် မပြတ်လပ်ဖို့အရံအနေနဲ့ အဆောင်ထားပါ။ စဉ်းစားမှု၊ တွေးခေါ်မှု၊ လုပ်ဆောင်မှုပေါ်သက်ရောက်မှုရှိပါတယ်။

ငွေကြေးနဲ့ စိတ်ဖိဆီးမှု

လူအများစု Stress များတယ်ဆိုတာ ငွေကြေးကြောင့်အများစုပဲ။ နောက် ကျန်းမာရေးပေါ့။ ဒီနှစ်ခုပြည့်စုံရင် ကျန်တာက လုပ်ယူဖို့ သိပ်မခက်လှဘူး။ ငွေကြေးစီမံခန့်ခွဲမှုအတွက်ကတော့ သုံးငွေနဲ့ ဝင်ငွေနဲ့ စီမံခန့်ခွဲမှုပေါ့။

အနာဂတ်ကို အကောင်းအရမ်းမြင်ပြီး ချေးငှားတာကို အလွန်အကျွံမလုပ်သင့်သလို စိတ်ညစ်ပြီး အလုပ်မလုပ်တာမျိုးလဲ သတိထားဖို့လိုလာတယ်။

ငွေကြေးစီမံခန့်ခွဲမှုမှာ

၁။ Active Income ပေါ်အခြေပြုပြီး
၂။ Partially Active Income တည်ဆောက်
၃။ Passive income ပြန်ပြောင်းဖို့က အရေးကြီးတာပဲ။

မွဲဆေးမဖော်မိဖို့လိုတယ်။

ကိုယ်နားမလည်တဲ့ စီးပွားရေးကို ချေးငှားပြီး မလုပ်သင့်သလို ငွေကြေးအတွက် လုပ်ငန်းငွေကြေးအပြင် သီးသန့်ငွေကြးစုဆောင်းရေးစနစ်၊ ကိုယ့်ကျန်းမာရေးအတွက်၊ သားသမီးနောက်ရေးအတွက် မတူညီတဲ့ အခွဲတွေ ထားရှိသင့်တယ်လို့မြင်တယ်။ မဟုတ်ရင် အသက်ကြီးခါမှ ဒုက္ခတွေရောက်နေမယ်။ အိမ်ထောင်ပြုတဲ့အခါ prenup လုပ်ဖို့လိုတယ်ဆိုတာ အလကားပြောထား ကြတာ မဟုတ်ဘူး။ မလိုအပ်တဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းတဲ့ သဘောပဲ။

စည်းစနစ်

ဝင်ငွေကောင်းနေတုန်း တစ်သက်လုံး ဒီလိုကောင်းမယ်ယူဆပြီး လျှောက်သုံးစွဲတာ စဥ်းစားဖို့လိုတယ်။ အရာရာ စည်းစနစ်မရှိရင် ပရမ်းပတာ ဖြစ်တတ်တယ်။

ငွေရှာပေးတဲ့အရာတွေမှာ ပြန်သုံးရမှာ မနှမြောနဲ့။

ငယ်ငယ်တက်ကျမ်းတွေ ဘာတွေ အရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေ Rich Dad Poor Dad ကိုရေးတဲ့ Robert Kiyosaki ရဲ့ အယူအဆတစ်ခုက ခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့ Cashflow > Capital Gain တို့က Financial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ ငွေသုံး မနှမြောဖို့၊ လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာ သုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Education သိထားမှ မှန်ကန်တဲ့ Financial decision ချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီ ဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲ ဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုက ငွေပြန်မရှာပေးရင် revenue-producing asset မဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာ ဒီလောက်ကြာပြီ တစ်လတစ်လ Positive Cashflow ဘယ်လောက်ရှိလဲ ဖြစ်ရမယ်လို့ထင်တယ်။ လူတိုင်း တိုင်းတာတဲ့ metrics တွေတော့မတူဘူး။ ကျွန်တော်ကတော့ Cashflow is king လို့ ယုံကြည်ပြီး Own where you can rent; Rent where you want to live ဆိုတာ လက်ခံထားတယ်။

The Base

Rich Kid မဟုတ်တဲ့သူတွေအတွက် အိပ်မက်အတွက် ၁၀၀% ပုံအောတယ်ဆိုတာ အကောင်းဆုံး option မဟုတ်ပါဘူး။

ကိုယ့်ရဲ့ ရည်မှန်းချက်က လူအယောက် တစ်သန်း ကိုကူညီပေးဖို့ သို့ တစ်သန်း အထက်အသုံးပြုနေတဲ့ Product တစ်ခု တစ်ခုဆိုပါတော့ ဒါဆိုရင် base ကို အရင်ဆုံးတည်ဆောက်ရပါတယ်။

ပထမဆုံး small business တွေ တည်ဆောက်တာ ဖြစ်ကောင်းဖြစ်မယ်။ Multiply လုပ်လို့ရတဲ့ စနစ်ထည့်မယ်။ Personal Brand တည်ဆောက်မယ်။ ငွေကြေးအတွက် စိတ်ပူစရာမလိုတဲ့ အခြေအနေတစ်ခုဖန်တီးမယ်။ ဒါကိုတော့ Financial freedom လို့ခေါ်ကြတယ်။ Financial freedom ဆိုတာ အိမ်မက်တစ်ခုမဟုတ်ပါ။ ဒါသည် base တစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

ဒုတိိယအဆင့်ကျမှ stair လှေကားထစ် တည်ဆောက်တဲ့အဆင့်ပါ။ ဒီအဆင့်မှာ နောက်ပြန်ကျရင်တောင် ခွေးကျမကျ ကြောင်ကျကျဖို့ တစ်ဆင့်ချင်းတက်သွားတဲ့ အဆင့်တွေ ခြေတစ်လှမ်းချင်းပြင်ဆင်တဲ့အဆင့်ပါ။ နောက်ဆုံးအဆင့်ကျမှ Dream ကို အကောင်အထည် ဖော်တဲ့အဆင့်ပါ။ တချို့ကျတော့လဲ ဒီထက် ကြီးတဲ့ Dream တွေ အကောင်အထည် ဖော်သွားကြတယ်။ အရေးအကြီးဆုံးကတော့ Base ကို တည်ဆောက်ဖို့ မမေ့ဖို့ပါပဲ။

စိတ်မညစ်ချင်ရင် ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ။ လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆံမရှိတာ။ ရှိတဲ့ပိုက်ဆံ လျော့သွားတာ။ အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ။ ဝင်ငွေနည်းသွားမှာကြောက်တာ။ ဒီတော့ ဥပဒေတစ်ခုထားထားတာက“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”။ နေ့တိုင်း ၂၄ နာရီမှာ ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။အနာဂတ်မှာ ပိုက်ဆံရှာဖို့ အချိန်ဘယ်လောက်ပေးလိုက်သလဲ။ ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာတယ်။ အမှတ်တံဆိပ်တည်ဆောက်တာ။ နေ့တိုင်း content တွေဖန်တီးတာ။ စာတွေဖတ်တာ။ စမ်းသပ်မှုတွေ လုပ်တာ။ ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။ ဒါကြောင့် စိတ်မညစ်ချင်ရင်“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”။

ဝင်ငွေအတွက် ၄ ခုကို အဓိကထားပါ။

၁။ ကိုယ်တိုင်ဦးစီးတဲ့အလုပ်
၂။ ကိုယ်မပါပဲ လည်ပတ်နေတဲ့နောက် ၁၅ နှစ်နေရင် ပေါက်ကွဲမှုအားကောင်းတဲ့လုပ်ငန်းနယ်ပယ်တစ်ခုကို အုပ်စိုးထားတဲ့မဟာဗျူဟာမြောက် ရင်းနှီးမြုပ်နှံမှု
၃။ စျေးကွက်အပြောင်းအလဲပေါ်မှာဝယ်ရောင်းကရမည့်ဝင်ငွေအပေါ်ရင်းနှီးမြုပ်နှံမှု
၄။ ရေရှည်အတွက် အိမ်ခြံမြေမှာရင်းနှီးမြုပ်နှံမှု ပထမတစ်ခုက လက်ရှိဝင်ငွေအတွက်။

ကိုယ့်ပျော်ရွင်မှု၊ ရည်မှန်းချက်၊ သမိုင်းပေးတာဝန်နဲ့ လုပ်ချင်တဲ့အပြောင်းအလဲတွေအတွက်။ ဒုတိယတစ်ခု နိုင်ငံပြန်ကောင်းတဲ့အခါ ရှယ်ယာပြန်ရောင်းဖို့။ ချမ်းသာကြွယ်ဝမှုကြီးကြီးတည်ဆောက်ဖို့။ တတိယတစ်ခုက မငြိမ်တဲ့စျေးကွက်အပြောင်းအလဲက ရမည့်ဝင်ငွေ။

နောက်တစ်ခုက လုပ်ငန်းတွေဘယ်လောက်ပြဿနာဖြစ်ဖြစ်၊ ရပ်ရပ်အခြေချစရာတစ်ခုအတွက်။ ဒါတွေလုပ်ဖို့ တစ်ယောက်တည်းအားနဲ့မရဘူး။ တတ်ကျွမ်းနားလည်ကျွမ်းကျင် သူတွေရဲ့အားလိုတယ်။ ကိုယ်က နေရာတကာဆရာမကျနိုင်ဘူး။ ဒီတော့ ကိုယ့်ရဲ့ မဟာဗျူဟာအကွက်တွေကိုသေချာချဖို့လိုတယ်။ လူတိုင်းမှာ မတူညီတဲ့ ငွေကြေးစီမံခန့်ခွဲမှု Personal Finance Philosophy ရှိလိမ့်မယ်။ ကိုယ့်အတွက်ကတော့ ကိုယ့်ဘဝကိုယ်ပဲတည်ဆောက်လာရတော့ဥစ္စာကိုစောင့်ဖို့ ဥာဏ်ပဲသုံးရတယ်။

Phyo Paing @ Derek

Share Your Idea!​