ပထမစားဝတ်နေရေး
လူလုံးလှဖို့၊ လူရိုသေ ရှင်ရိုသေဖြစ်ဖို့
ဘဝရပ်တည်ရေးအတွက်
ငွေလိုတယ်။
စားဝတ်နေရေးပြည့်စုံသွားရင်
နောက်တစ်ဆင့်ကတော့
ဘယ်လို သောက်ပြဿနာတွေကြုံကြုံ
ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့အတွက်
ငွေထက် အရေးကြီးတဲ့အရာလိုလာပြီ။
ဒီအရာကတော့ “ခံယူချက်ပဲ”။
ကိုယ်”ဘာကြောင့်”အလုပ်လုပ်နေလဲ
ဒီ “အဓိပ္ပာယ်” ခံယူချက်ကပိုအရေးကြီးတယ်။
ငွေကို မသမာနဲ့ နည်းနဲ့ရတဲ့
လူတွေထက်
ခံယူချက်၊ ဖော်ဆောင်ချင်တဲ့
အပြောင်းအလဲကို လုပ်ဆောင်ရင်း
ဆုလဒ်အဖြစ်ရရှိတဲ့ ငွေကြေးတွေက
ပိုတန်ဖိုးရှိပြီး ကျေနပ်မှုပိုရှိစေတယ်။
ကျွန်တော်ကတော့ ကမ္ဘာစစ်ဖြစ်နေလဲ
ကိုယ့်ရဲ့ သမိုင်းပေးတာဝန်လို့ခံယူထားတဲ့
လူသားတွေရဲ့ဘဝကို ပညာရေးနဲ့
နည်းပညာအသုံးပြုပြီး
တိုးတက်ရေး ဖြစ်စဥ်တွေအတွက်
ကူညီပေးသွားမှာပဲဖြစ်တယ်။
ကိုယ်သေသွားခဲ့ရင်တောင်
ကျွန်တော်တို့ဖန်တီးမှုတွေ
ဆက်လက်ရှင်သန်နေရမယ်။
ဒါက နေ့စဥ်လုပ်တဲ့ ကုသိုလ်ပဲ။
ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေ
နေ့စဥ် လုပ်နေဖို့လိုတယ် မဟုတ်လား။
Phyo Paing @ Derek