Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပိုက်ဆံဘာကြောင့်ရှာလဲဆို

“လုပ်ချင်တာ လုပ်ဖို့”။

လုပ်ချင်တာလုပ်ဖို့ရဲ့
အတားအဆီးက
“မလုပ်ချင်တာကို လုပ်ရတာ။”

မလုပ်ချင်တာလုပ်နေရတဲ့အကြောင်းအရင်းက
၁။ ငွေကြေးကြောင့်
၂။ လူတွေရဲ့ အထင်အမြင်ကြောင့်
၃။ နောက်ထပ်ရွေးချယ်မှုတစ်ခုကို မမြင်လို့။

ငယ်တုန်းက “မလုပ်ချင်ပေမယ့် လုပ်ရတဲ့”
ကျောင်းစာတွေ ရှိတယ်။
ဘွဲ့တွေ ယူရတယ်။
စားဝတ်နေရေးရုန်းကန်ဖို့ အလုပ်ရှိတယ်။

ဘဝမှာ ဘွဲ့လဲရပြီးပြီ၊
အသက်ရှင်ဖို့လဲ လုံလောက်တဲ့ငွေကြေးရှိပြီဆို
လုပ်ချင်တာ လုပ်လို့ရလာပြီ။

တချို့က တနေ့ကျ လုပ်ချင်တာလုပ်ဖို့
ဒီနေ့ မလုပ်ချင်တာလုပ်၊
မနေချင်တဲ့နေရာနေပြီး
လွတ်မြောက်မှုအတွက် အဿပြာရှာတာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်က
ပြိုင်ဖက်တွေကို သက်သေပြ ခြေမှုန်းဖို့
ငွေရှာ၊ ဂုဏ်ရှာ ပါဝါစုတာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်က မိဘ၊ သားသမီးနောင်ရေးအတွက်
ပျော်ရာမှာမနေ၊ တော်ရာမှာနေပြီး
ပျော်တာကိုမလုပ်၊ တော်ရာအလုပ်လုပ်တာဖြစ်ရင်ဖြစ်မယ်။
မိဘကျေးဇူးကလဲ ကြီးမားလှတယ်။
ကိုယ့်ဒီဘဝအောင်မြင်မှုရောက်နိုင်တဲ့အမြင့်
တစ်ဝက်လောက်က မိဘနဲ့ဆိုင်တယ်လို့ပြောရင်မမှားဘူး။

နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်
ပိုက်ဆံ ဘာကြောင့်ရှာကြလဲဆို
“လုပ်ချင်တာ လုပ်ဖို့”။
တချို့တလေ ဒါကြီးကို မေ့သွားတတ်တယ်။

Phyo Paing @ Derek

Share Your Idea!​