Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပိုမိုထိရောက်တဲ့ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း အဆင့်ကိုးဆင့်

2012 ဒီနေ့လို သင်္ကြန်အပြီးမှာ ကျွန်တော့်ဘဝရဲ.ကြီးမားတဲ.အဆုံးအဖြတ်ကိုချရတယ်။ ဆေးခန်းဖွင်.ပြီးဆေးကုမှာလား ကျွန်တော်စိတ်ပါဝင်စားတဲ့ လူတွေနဲ. စီးပွားရေးလုပ်ငန်းတွေရဲ. အလားအလာတွေတိုးတက်အောင်ကူညီမှာလား ဆိုတဲ. ရွေးချယ်ရန်နှစ်ခုထဲက တစ်ခုကို ပြတ်ပြတ်သားသားရွေးချယ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ အားလုံးဘဝမှာ ဒီလို ရွေးချယ်မှုနဲ. တစ်သက်မှာကြိမ်ဖန်မနည်းကြုံတွေ.ကြရတတ်ပါတယ်။ ဒါကြောင့် Goal Setting ရည်မှန်းချက်ပန်းတိုင်ချမှတ်ချင်းနဲ.ပတ်သက်လို. ကျွန်တော် 2012 က experience လေး share ပေးပါမယ်။ အားလုံးအတွက် တခုခု လေးရသွားမယ်လို. ထင်ပါတယ်။ ပိုမိုအကျိုးရှိအောင် တစ်ဆင့် ချင်းစီကိုသေချာစဉ်းစားပြီးရေးချသွားဖို. အကြံပေးလိုပါတယ်။

==========================================
ဆုံးဖြတ်ချက်တွေဟာ ကြီးမားတဲ့ဘဝအပြောင်းအလဲတွေကို ဖြစ်စေပါတယ်။
==========================================

ရည်မှန်းချက်ချမှတ်ဖို့အဆင့်ကိုးဆင်. (ပုံမှန်ကြာမြင့်ချိန် တစ်နာရီ)

1. သင့်ဘဝမှာ သင့်ကိုယ်သင်ဂုဏ်ယူရတဲ့ အကောင်းအထည်ဖော်နိုင်ခဲ့တဲ့ အရာငါးခုကို ချရေးပါ။

လူမှန်းသိတတ်စအရွယ်မှ လက်ရှိထိ မိမိဂုဏ်ယူရတဲ့ လုပ်ဆောင်ခဲ့တဲ့အရာငါးခုနဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်းကို စတင်ပါမည်။ လူတိုင်းလူတိုင်းမှာ အနည်းဆုံးငါးခုတော့ ရှိကြပါတယ်။

2. နောက်ဆယ်နှစ်အတွင်းမှာ သင်ဖြစ်ချင်တဲ့ အရာမှန်သမျှကို ချရေးပါ။

အနည်းဆုံးအခု နှစ်ဆယ်ရှိရပါမယ်။ သင်လိုချင်တာ ဘာမဆိုဖြစ်မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ ဖြစ်ချင်တဲ့ အရာမှန်သမျှကို List လုပ်ပါ။ ငွေရေးကြေးရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ဘဝတိုးတက်ရေး၊ ပညာရေး။

3. ဆယ်နှစ်အတွင်းမှာ ဖြစ်ချင်တဲ.ရည်မှန်းချက်ပန်းတိုင်များရဲ. list ဘေးမှာ နှစ်အလိုက်ဖြည့်ပါ။ ဥပမာ တစ်နှစ်အတွင်းမှာ ဖြစ်နိုင်ရင် တစ်နှစ်။ သုံးနှစ်၊ ငါးနှစ် သို့ ဆယ်နှစ်။

4. တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော်ဖို့ အရေးအကြီးဆုံး ရည်မှန်းချက်ပန်းတိုင်လေးခုကို ရွေးပါ။ ဘာကြောင့် ဒီရည်မှန်းချက်တွေအကောင်ထည်ဖော်ဖို.အရေးကြီးတာလည်းရေးပါ။ ဥပမာ တစ်လသိန်းတစ်ရာဝင်ချင်တယ်ဆိုရင် ဘာကြောင်. သိန်းတစ်ရာရဖို.အရေးကြီးတာလည်း Why ကိုမေးပါ။ Why တွေများနိုင်သမျှများအောင်ရေးချပါ။ Why တွေကိုသေချာသိရင် How တွေက လွယ်ကူလာပါလိမ့်မယ်။

5. ဘယ်အရာတွေက သင့်ရည်မှန်းချက်တွေကို နှိုးဆွပေးလည်းဆိုတာရေးချပါ။

6. ဘယ်အရာတွေက သင့်ကို စိတ်ပျက်အားငယ်စေသလည်းရေးချပါ။ ဘယ်အရာတွေကိုစဉ်းစားအာရုံစိုက်ထားရင် စိတ်ပျက်အားငယ်စေသလည်း ရေးချပါ။

7. သင်.ရဲ.ရည်မှန်းချက်ပန်းတိုင်ရောက်ခြင်းဖြင်. သင်ဘယ်လိုအကျိုးကျေးဇူးတွေရမလည်းဆိုတာ ရေးချပါ။ ရည်မှန်းချက်ပန်းတိုင်ရောက်ခြင်းဖြင့် သင်ဘယ်လိုလူမျိုးဖြစ်လာမလည်းဆိုတာရေးချပါ။

8. သင့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် ဘယ်လိုလူများဖြစ်ဖို.လိုမလည်း ချရေးပါ။ ဘယ်လိုအရည်အသွေးတွေ၊ ဘယ်လိုကျွမ်းကျင်မှုတွေရှိရမလည်း။ ဘယ်လိုယုံကြည်မှုမျိုးရှိရမလည်း။ သင်ဟာ ရည်မှန်းချက်ပန်းတိုင်တွေနောက်လိုက်ရမှာမဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်တွေကို သင့်ဆီလာအောင် ဆွဲဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေပြည့်လာဖို. ဒီရည်မှန်းချက်ပန်းတိုင်တွေကို ဆွဲဆောင်နိုင်တဲ.သူဖြစ်အောင်ကြိုးစားဖို.လိုပါတယ်။

9. ရည်မှန်ချက်ပန်းတိုင်ချခြင်းကြောင့် သင်ဘာအကျိုးကျေးဇူးတွေရမလည်းဆိုတာ ချရေးပါ။

Phyo Paing @ Derek

Share Your Idea!​