Milton’s Model ဆိုတာ NLP ထဲက
Tools တစ်ခုပေါ့။
20 ရာစုက စိတ်ညှို့ပညာရင်
Milton Erickson ဆိုတဲ့ ပုဂ္ဂိုလ်တီထွင်ထားတာ။
လူတွေကို လွမ်းမိုးချင်ရင်သုံးတယ်။
ဥပမာဗျာ
ခင်ဗျားလဲ သိတဲ့အတိုင်း ကျွန်တော်
ဘာပြောချင်လဲဆိုတာ။
စဉ်းစားကြည့် မသိလဲ
သိသလိုလိုဖြစ်သွားတယ်။
ကိုယ့်ကို ပြဿနာလာရှာ လာရစ်ရင်
အစ်ကိုလဲ သိပါတယ်။
ဒါက ပြောစရာလိုတဲ့ကိစ္စမှ မဟုတ်တာ။
ဟုတ်တယ်ဟုတ်?
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဟုတ်သလိုလို ဖြစ်သွားရော။
အဲ့လို Milton’s Model သုံးတာက
ပြဿနာတော်တော်များများကို
ကာကွယ်ပေးနိုင်တယ်။
ဒါပေမယ့် idea တစ်ခုကို
တိတိကျကျ ပြောတဲ့အခါ
တစ်ဖက်ဖက်မှာရပ်တည်တဲ့အခါ
အခက်အခဲရှိနိုင်တယ်။
Milton’s model က
အရောင်းသမားတွေအသုံးပြုတယ်။
လူတွေလွမ်းမိုးချင်တဲ့သူတွေ
အသုံးပြုတယ်။
နိုင်ငံရေးသမားတွေ အသုံးပြုတယ်။
မားကတ်တင်းသမားတွေသုံးတယ်။
သိထားတာတော့ မမှားဘူး။
ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။
Phyo Paing @ Derek