ဆယ်တန်းဆန်းတယ်
သတိထားကြိုးစားဆိုတော့
စာကို စိတ်မပါပေမယ့်
ကိုယ့်ကိုကိုယ် ရိုသေရမယ့်
အဆင့်တစ်ခုဖြစ်အောင်တော့လုပ်လိုက်တယ်။
တက္ကသိုလ်တစ်ခုတက်ရမယ်။
သင်သမျှ အကုန်စိတ်ပါချင်မှပါမယ်။
စပြီးတဲ့အလုပ် အဆုံးသတ်ရမယ်ဆိုတဲ့စိတ်နဲ့
ပြီးအောင် မြန်မြန်လုပ်တယ်။
စိတ်ဓာတ်ခဏခဏ ကျတတ်တယ်။
တွေဝေတတ်တယ်။
ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တယ်။
အချိန်ဆွဲတယ်။
လူရှေ့သူရှေ့စကားမပြောရဲဘူး။
ပြင်ဖို့လိုတယ်ဆိုတော့ ပြင်တယ်။
မွေးကတည်းက ကျောင်းပြီးတဲ့အထိ
English လိုသင်ခဲ့ရတာလဲမဟုတ်ဘူး။
ဘယ်ဆရာ၊ ဆရာမမှ English လိုမသင်ဘူး။
ကိုယ်တိုင်လေ့လာမှရမယ်ဆိုပြီး
လေ့လာလာတယ်။
အဖေက သုံးတန်းပြီးကတည်းမရှိဘူး။
ပိုက်ဆံကမရှိဘူး။
သုံးချင်တော့ ပိုက်ဆံရှာဖို့လုပ်ရပြန်တယ်။
နိုင်ငံတကာ ကုမ္ပဏီအလုပ်လုပ်ချင်တယ်။
အတွေ့အကြုံကမရှိပြန်ဘူး။
အလုပ်လုပ်အတွေ့အကြုံရဖို့ နည်းလမ်းရှာရပြန်တယ်။
ဘဝမှာ အခွင့်အလမ်းတွေက
တစ်ခုပြီးတစ်ခု ပြဿနာ
အယောင်ဆောင်ပြီး လာနေမှာပဲ။
ပြဿနာလာပြီဆိုရင်
အခွင့်အလမ်းလို့သာ မြင်လိုက်။
သင်္ချာပုစ္ဆာတွေလိုပဲ
ပေးထားတဲ့ ပြဿနာဖြေရှင်းပြီးတိုင်း
နောက်တစ်ဆင့်တက်တယ်။
Phyo Paing @ Derek