ပျော်ရွင်မှုရဲ့ ၅၀% က
မွေးရာပါတဲ့။
စိတ်ညစ်တတ်တဲ့သူက
စိတ်ညစ်တာပဲ။
ပျော်တတ်တဲ့သူက
ပျော်တာပဲ။
အဆွေးဓာတ်ခံကလဲ
ဆွေးနေတတ်တာပဲ။
ပျော်ရွင်မှုရဲ့ ၄၀% က
တကူးအကလုပ်တဲ့
အလုပ်တွေကြောင့်တဲ့။
ကျေးဇူးတင်တတ်တဲ့စိတ်ထားတာ၊
Reframing လို့ခေါ်တဲ့
အဓိပ္ပာယ်ပြောင်းစဥ်းစားတာ၊
ကိုယ်တန်ဖိုးထားတဲ့အလုပ်တွေလုပ်တာ၊
ဘာသာတရားနဲ့ spiritual လေ့ကျင့်တာ၊
သူငယ်ချင်း၊ သမီးရည်းစား
ရေရှည်ဆက်ဆံရေး relationships တည်ဆောက်တာ။
ကျန်တဲ့ ၁၀% ကတော့
ပြင်ပ အခြေအနေကြောင့်တဲ့။
ငွေ၊ ဂုဏ်ရှိန်၊ ကျန်းမာရေး၊
လူမှုအဆင့်အတန်း၊ အိမ်ထောင်ရေး။
ဒါက Sonja Lyubomirsky’s Happiness Pie (2005) ကနေပြီး
Brickman & Campbell’s Set Point Theory ပေါ်အခြေခံ
ပျော်ရွင်ခြင်းအကြောင်း သုတေသနလုပ်ထားတာ။
ဒါကြောင့် ထီပေါက်လို့ပျော်ပြီးရင်
ပုံမှန်အခြေအနေပြန်ရောက်တာမျိုး၊
ရည်စားစထားတဲ့အခါ အရမ်းပျော်ပြီး
အချိန်ကြာလာတော့
ပုံမှန်ပျော်ရွင်မှုအခြေအနေပြန်ရောက်တာမျိုး။
ဒါမျိုးက happiness set point ကြောင့်။
၅၀% က ရွေးချယ်လို့မရဘူး။
၁၀% က လဲ ကိုယ်တိုက်ရိုက်ရွေးချယ်လို့မရဘူး။
၄၀% က ကိုယ်နေ့စဥ် တကူးတကလုပ်လို့ရတယ်။
Phyo Paing @ Derek