ကျွန်တော့်လို အမြဲမပျော်တဲ့သူတွေရှိလား။
ငယ်ငယ်ကဆို အမြဲမပျော်ဘူး။
ဒီတော့ ပျော်ရွင်မှုဆိုတဲ့အကြောင်းတွေ
လိုက်ရှာဖတ်ကြည့်တယ်။
သာယာမှု၊ ပျော်ရွင်မှုနဲ့ ဝမ်းမြောက်မှု မတူဘူး။
Pleasure, Happiness နဲ့ Joy.
စားချင်တာစားရလို့ပျော်တာ
ဒါက သာယာမှု။
အထိ၊ အတွေ့တွေကြောင့်ပျော်တာ
သာယာမှု။
ကိုယ်ချစ်တဲ့သူနဲ့ ချစ်တာ။
ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ရတာ။
ကိုယ့်ရည်မှန်းချက်တွေကို
ရအောင်လုပ်နိုင်တာ။
ဒါက ပျော်ရွင်မှု။
ကလေးလေးမွေးလာလို့
သူ့မျက်နှာလေးကိုမြင်လိုက်တာ။
မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းကိုပြန်တွေ့တာ။
ဒါက ဝမ်းမြောက်မှု။
ဥပမာ ပန်းချီဆရာက
သူ့ရင်ထဲက ပန်းချီကားကို ဆွဲရင်း
စိတ်ကူးထဲကအတိုင်းဖြစ်လာတာ
ပျော်ရွင်မှုလို့ဆိုလို့ရပြီး၊
ပန်းချီကားကြည့်တဲ့သူကလဲ
သူ့ခံစားချက်နဲ့ ထပ်တူခံစားလို့ရပြီး
အားပေးမှုအထူးရတဲ့အခါ
ဝမ်းမြောက်မှုလို့ဆိုနိုင်တယ်။
ဝမ်းမြောက်မှုက အတွင်းစိတ်ခံစားချက်က
ဝမ်းသာအားရမှုဖြစ်တာ။
ကိုယ်အကောင်အထည်ဖော်ချင်တာကို
အကောင်အထည်ဖော်ခွင့်ရတာ ပျော်ရွင်တာ။
ဒီအချက်တွေ သိလာတော့
ဘဝကို ဘယ်လိုနေရင် သာယာမှုရမယ်၊
ဘာဆို ပျော်ရွင်မှု၊
ဘယ်အရာဆို ဝမ်းမြောက်မှုဆိုတာ သိလာတယ်။
ခံစားလို့ရလာတယ်။
Phyo Paing @ Derek