Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပြင်ဆင်မှု ၁၂ ခု

ဘယ်နေရာရောက်ရောက် ကိုယ့်ကို ကူညီပေးနိုင်မည့်

ကျွမ်းကျင်မှု တွေလိုပါတယ်။ 

အနာဂတ်အတွက် ပြင်ဆင်လို့ရတဲ့ အချက် ၁၂ ချက်ကို

လူငယ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ 


၁။ အင်္ဂလိပ်

ကမ္ဘာပေါ်မှာ လူသုံးအများဆုံးဘာသာစကားဖြစ်ပြီး

ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားလည်ဖို့ အရေးကြီးပါတယ်။ 

ဒါမှ ကိုယ်လိုချင်တဲ့ သတင်းအချက်ကို

အလွယ်တကူရှာဖွေလေ့လာနိုင်မှာဖြစ်ပါတယ်။ 


၂။ အခြေခံ အိုင်တီ

ဒီနေ့ခေတ် GenZ တွေအတွက် အင်တာနက်နဲ့ ကွန်ပြူတာက

မစိမ်းတော့တဲ့ ခေတ်ဖြစ်ပါတယ်။ 

ဒီမစိမ်းတော့တဲ့ခေတ်မှာ ကိုယ့်အလုပ်အတွက် အခြေခံလိုအပ်တဲ့

Tool တွေနဲ့ ရင်းနှီးထားဖို့လိုပါတယ်။ 

ဥပမာ အခြေခံအကျဆုံး Email ပို့တာ၊

CV တစ်စောင်ဖန်တီးတာ၊

Canva တို့လို လိုချင်တဲ့ ဒီဇိုင်းဖန်တီးနိုင်တဲ့ software အသုံးပြုတာ၊ 

အခြေခံ Office Applications တွေဖြစ်တဲ့ 

Doc, PowerPoint, Excel အသုံးပြုတတ်တာ။ 


၃။ ကိုယ့်အလုပ်နဲ့ဆိုင်တဲ့ နည်းပညာပိုင်းကျွမ်းကျင်မှု 

ကိုယ့်အနေနဲ့ graphic design, video editor ဆို 

Adobe Creative Suite ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တာမျိုး။ 

စာရင်းကိုင်ဆို Accounting software တွေဖြစ်တဲ့

ဥပမာ Quickbook တို့လိုကို

ကောင်းကောင်းအသုံးပြုတတ်တာမျိုး။ 

အရောင်းသမားဆို Customer Relationship Management (CRM) tool ကို

ကောင်းကောင်းအသုံးပြုတတ်တာမျိုး။


၄။ စိတ်ခံစားမှု စီမံခန့်ခွဲမှု 

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုများပါတယ်။

Covid-19 တွေ၊ Coup တွေ၊ နေ့စဥ်သတင်းတွေမှာ

အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေများတတ်တာနားလည်ပါတယ်။ 

ဒီတော့ ကိုယ့်ကိုယ်ကိုပိုပြီးနားလည်အောင် ကြိုးစားခြင်း၊ 

နေ့တိုင်း ကိုယ့်အတွေးတွေကို မှတ်တမ်းတင်ခြင်း journaling လုပ်ဆောင်ခြင်း။

နောက် ကိုယ့်စိတ်ကို စီမံခန့်ခွဲဖို့အတွက် အခြေခံစိတ်ပညာအကြောင်း

လေ့လာထားမယ်ဆိုရင်

ဘဝအတွက် အများကြီး အကျိုးရှိစေမှာဖြစ်ပါတယ်။


၅။ နေ့စဥ် လုပ်နေတဲ့ အမူအကျင့်တွေပိုကောင်းအောင် လေ့ကျင့်မှု

နေ့စဥ်မပျက်မကွက် လုပ်ဆောင်တဲ့အရာကို rituals ထုံးတမ်းစဥ်လာလို့ခေါ်ပါတယ်။

လူတိုင်းမှာ နေ့တိုင်းမဖြစ်မနေ လုပ်ဆောင်တဲ့ 

Rituals  သုံးခုတော့ ထားရင် ဘဝအတွက် အပြောင်းအလဲအများကြီးဖြစ်သွားစေနိုင်ပါတယ်။

ဥပမာ Journaling ရေးတာ၊ စာဖတ်တာ၊ စာရေးတာ၊ ကိုယ့်ဘဝဖြတ်သန်းမှုကို Video ရိုက်

မှတ်တမ်းတင်တာ၊ ကိုယ်သိထားတဲ့အချက်လေးတွေကို တခြားသူတွေကိုပြန်သင်ပေးတာ၊ 

လေ့ကျင့်ခန်းလုပ်ဆောင်တာ၊ တရားထိုင်တာ 

နေ့စဥ် လုပ်ဆောင်တဲ့ အမူအကျင့်တွေက 

ဘဝအခက်အခဲတွေဖြစ်တဲ့မခါ မပြိုလဲသွားအောင် structure တစ်ခုပေးပါတယ်။ 


၆။ ပေါင်းသင်းဆက်ဆံတတ်မှု 

လူတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံတဲ့အခါ စိတ်ထဲမှာရှိိတာကို 

ဒီအတိုင်းဇွတ်ပြောလို့ အမြဲရချင်မှရမယ်။ 

ပရိယာယ်လိုပါတယ်။

ဘယ်အရာကိုပြောမယ်။

ဘယ်အရာကို မပြောဘူး။

ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်ကို တိုးတက်အောင်လဲ

အမြဲလေ့ကျင့်ပြီး အနာဂတ်အတွက် ပြင်ဆင်လို့ရပါတယ်။


၇။ ရောင်းချခြင်း 

ဘာအလုပ်ပဲလုပ်လုပ် ရောင်းချရမှာပဲဖြစ်တယ်။ 

အလုပ်လျှောက်တဲ့အခါ CV တင်ပြီး ကိုယ့်လုပ်အားကိုရောင်းရတယ်။

ကိုယ်တိုင်လုပ်ငန်းစမယ်ဆိုလဲ ဖောက်သည်တွေကို ရောင်းရတာပဲ။

ကိုယ့်လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုလိုအပ်ရင်လဲ ရောင်းရတာပဲ။ 

ဒီတော့ ရောင်းချခြင်းအနုပညာကို ကျွမ်းကျင်အောင်လုပ်ဆောင်ထားခြင်းဟာ

အနာဂတ်အတွက် ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။


၈။ ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ။ 

ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီး မဖြစ်သေးတဲ့အရာတွေကိုချရေးပါ။ 

ရေးထားတဲ့ အချက်တွေ အကုန်လုံးမှာ 

ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး သုံးချက်ကို ထုတ်ပါ။ 

ဒီသုံးချက်ကို ရချင်တဲ့ ခုနှစ်သက္ကရာဇ်ကို ချရေးပါ။ 

နောက် ဒီရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ 

ကိုယ်ဖြစ်ရမည့်လူရဲ့ ပုံစံကိုချရေးပါ။ 

လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို ချရေးပါ။

ဒီကျွမ်းကျင်မှုတွေတိုးတက်လာအောင် နေ့စဥ်ကြိုးစားပါ။ 


၉။ လေ့လာနိုင်စွမ်းမြှင့်တင်မှု

ကိုယ့်ရဲ့ စာဖတ်နှုန်းမြန်အောင်လေ့ကျင့်ပါ။ 

စာဖတ်တဲ့အနာ နားလည်ဖို့နဲ့ မှတ်မိဖို့အရေးကြီးသလို 

စာဖတ်မြန်နှုန်းလဲ အရေးကြီးပါတယ်။ 

ဒါကို speed-reading လို့ခေါ်ပါတယ်။

စာဖတ်တဲ့အခါ ဘာအရေးကြီးတယ်၊

ဘာအရေးမကြီးလဲ သိပြီး၊

အရေးကြီးတာကို ပိုအချိန်ပေးဖတ်နိုင်အောင်

စာဖတ်မြန်ခြင်း ကျွမ်းကျင်မှုရှိအောင်လုပ်ပါ။ 

နောက် ပညာရပ်တွေ လေ့လာတဲ့အခါ

မှတ်စုထုတ်ခြင်း note-taking လုပ်ပါ။ 

Learning how to learn သင်ယူမှုမြန်နှုန်းမြင့်ဖို့

သင်ယူမှု ပြုလုပ်ပါ။ 


၁၀။ စိတ်ရှည်ခြင်းကို ကျွမ်းကျင်ပြုတစ်ခုလို ပြုစုပျိုးထောင်ပါ။

ဒီနေ့ခေတ်က အရာရာမြန်တဲ့ခေတ်ဆိုတော့ 

စိတ်ရှည်ခြင်းကို ကျွမ်းကျင်မှုတစ်ခုလို ပြုစုပျိုးထောင်ပါ။

စိတ်ရှည်တယ်ဆိုတာ ရလဒ်ရဖို့ စောင့်ဆိုင်းနိုင်တာ။ 

လုပ်ရပ်ကို မြန်မြန်လုပ်၊ ရလဒ်တစ်ခုအတွက် စိတ်မလောဖို့

လေ့ကျင့်ယူပါ။

အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ လွယ်တဲ့အရာ

များများစားစား သိပ်မရှိဘူး။ 


၁၁။ ဘွဲ့တစ်ခုရအောင်လုပ်ပါ။

ဘွဲ့တစ်ခုက အလုပ်ကို တိုက်ရိုက်ရှာပေးချင်မှ ရှာပေးလိမ့်မယ်။

ဒါပေမယ့်ကိုယ့်ကို ခွန်အားတစ်ခုပေးသလို 

အနာဂတ် တံခါးပေါက်တွေကိုပွင့်သွားစေနိုင်တယ်။

ကျွန်တော် ဆေးကျောင်းဘွဲ့ရပြီးတဲ့အခါ 

ABE Graduate Diploma in Business Management တက်ခဲ့တယ်။ 

နောက်ပိုင်း စီးပွားရေးနဲ့ ပတ်သက်လို့၊ စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ 

တံခါးတွေ ပွင့်သွားတယ်။


၁၂။ အခွင့်အလမ်းအသစ်တွေကို ထောက်လှမ်းနေပါ။

အခွင့်အလမ်းအသစ်တွေက အမြဲပေါ်နေတတ်တယ်။ 

လူအများသိတဲ့အချိန် ကိုယ့်အတွက် နောက်ကျသွားတတ်တယ်။ 

ဒါကြောင့် အခွင့်အလမ်းအသစ်တွေတွေ့အောင်

ကမ္ဘာကြီးနဲ့၊ ကိုယ့်နိုင်ငံနဲ့၊ ကိုယ့်နယ်ပယ်နဲ့ အဆက်မပြတ်သွားပဲ

သတင်းအချက်အလက်သစ်တွေကို မျက်စိဖွင့်နားစွင့်လေ့လာနေပါ။ 


Phyo Paing @ Derek

Share Your Idea!​