အတိတ်ရဲ့မှတ်ဥာဏ်တွေက
မျက်စိတစ်မှိတ်လျပ်တစ်ဖျက်မှာ
ကလေးငယ်ဘဝ၊
အဖြူအစိမ်းကျောင်းသားဘဝ၊
တက္ကသိုလ်ကျောင်းသားဘဝ၊
အလုပ်ခွင်ဝင်၊
ကြေကွဲခံစား၊ ပျော်ပါး
အရာရာက အိမ်မက်တစ်ခုလိုပဲ။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကို
ရှင်သန်မှုလို့ခေါ်တယ်။
လောကမှာ လောဘ၊
ဒေါသ၊ မောဟ၊ ဒိဋ္ဌိ
ဒီကိလေသာ ၄၄ ပါးနဲ့
လောလောပြီး ကနေရတော့
လောကီလို့ခေါ်တယ်။
ဒါရဲ့အလွန်ကိုသွားနိုင်တာကို
လောကုတ္တရာလို့ခေါ်တယ်လို့
ဗုဒ္ဓက ဆုံးမခဲ့တယ်။
ဒီရှင်သန်ခြင်း ရက်ပေါင်း ၃၀၀၀၀
၈၂ နှစ်နဲ့ ၄၄ ရက်မှာ
“အသက်ရှင်ပြီး အသက်ဝင်ဖို့လိုတယ်။”
ဓမ္မပဒ ထဲမှာ ဗုဒ္ဓက
“အပ္ပမာဒေန မဃ္ဃဝါန၊ ပမာဒေန မစ္စုနော”
“မမေ့လျော့သောသူသည်
မသေတရားကို ရောက်၏၊
မေ့လျော့သောသူသည် သေပြီးသူနှင့် တူ၏”
ဟောကြားခဲ့တယ်။
အသက်ရှင်ပြီး အသက်ဝင်ဖို့
ဘဝကို သတိနဲ့နေထိုင်ဖို့လိုလာတယ်။
သတိဆိုတာ သောဘဏစေတသိတ်
တစ်ပါးဖြစ်ပြီး
အာရုံကို မလွတ်ကင်းအောင် စွဲကိုင်ထားတတ်ခြင်း၊
အာရုံကို မမေ့အောင် မှတ်သားနိုင်ခြင်း၊
စိတ်ကို အာရုံမှ မထွက်အောင် တည်စေခြင်း
သဘာဝကိုလုပ်ဆောင်ပေးတယ်။
ဒီလိုသတိရှိရှိနေထိုင်တာကို
Mindfulness လို့ခေါ်ပြီး
ပါဠိလို့
သတိပဋ္ဌာန (Satipaṭṭhāna) လို့ခေါ်တယ်။
အာရုံ၊ အတွေး၊ ခံစားချက်၊ လုပ်ရှုမှုတွေကို
သတိထားပြီး မဝေဖန်ပဲ
စောင့်ကြည့်နေတာကို ခေါ်တယ်။
သတိပဋ္ဌာန Mindfulness နဲ့
ဝိပဿနာ Insight or Vipassana meditation က
တူမလိုလိုနဲ့ ကွဲတယ်။
Mindfulness က ဓာတ်မီးနဲ့
အလင်းပေးကြည့်တာနဲ့တူသလို
Insight Meditation က
အနိစ်စ၊ ဒုက်ခ၊ အနတ်တကို
နားလည်သဘောပေါက်နှလုံးသွင်း
သေချာတွေ့ရှိသွားတာနဲ့တူတယ်။
ဒီနေ့ခေတ်မှာ အရင်ခေတ်ကထက်
အတွေးတွေ ပိုများတယ်။
ဘာကြောင့်လဲဆို ဒီဂျစ်တယ်မီဒီယာခေတ်မှာ
သတင်းတွေ၊ အတင်းတွေ အများကြီးနဲ့
နေ့စဥ် တွေ့နေရတယ်။
လောဘတက်စရာ၊
ဒေါသထွက်စရာ၊
လောဘ၊ ဒေါသနောက်လိုက်
မိုက်မဲလိုက်ချင်တဲ့မောဟ။
ဒါတွေက ဒီနေ့ခေတ်မှာ ပိုဆိုးတယ်။
ပိုများတယ်။
တကယ်လို့ သတိလေးနဲ့မှ မနေနိုင်ရင်
ခန္ဓာကိုယ်လေးလံထိုင်းမိုင်းစေမည့်
စေတသိတ်တွေနဲ့
လောကမှာ Mindlessness သတိလက်လွတ်နဲ့
ကိုယ့်အာရုံကိုယ်မသိ၊
ကိုယ့်အတွေးကိုယ်မသိ၊
ကိုယ့်ခံစားချက်ကိုယ်မသိ၊
ကိုယ့်လုပ်ရပ်ကိုယ်မသိပဲ
ကိုယ့်အထင်အမြင်တိုင်း၊
ခံစားချက်တိုင်းကို
အမှန်ထင်ပြီး
လောဘ၊ ဒေါသ၊ မောဟနောက်မှာ
ပူလောင်မှုတွေနဲ့ ဖြစ်နေနိုင်တယ်။
ဘဝမှာ အသက်ရှင်ပြီး
အသက်ဝင်နေဖို့
“သတိ”နဲ့နေဖို့ လေ့ကျင့်ယူနေရနိုင်တယ်။
Phyo Paing @ Derek