Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပြိုင်ဖက်တွေကြားမှာ နှာတစ်ဖျားသာဖို့

ဒီနေ့ခေတ် BTS တို့ BlackPink တို့လို
Kpop တွေ ဘာကြောင့်
အောင်မြင်လဲဆို
Strategic Planing နဲ့
Deliberate practice လုပ်လို့လို့မြင်တယ်။

Korea ရဲ့ soft power တည်ဆောက်ဖို့
Korean wave ကို တောင်ကိုရီးယားအစိုးရက
ကျောထောက်နောက်ခံပြုတယ်။

Psy တို့၊ Park Bom၊ Big Bang နဲ့ 2NE1 တို့ကို
မွေးထုတ်ပေးတဲ့ YG နဲ့
Rain နဲ့ Wonder girls တို့ကိုမွေးထုတ်ပေးတဲ့ JYP
Exo တို့ကိုမွေးထုတ်ပေးတဲ့ SM Entertainment အပြင်
ဒေဝါလီခံလုနီးနီးမှာ မွေးထုတ်အောင်မြင်သွားတဲ့ BTS
ရဲ့ Big Hit Entertainment ဆိုပြီး
Agency လေးခု က Korean Wave ကိုပုံဖော်တယ်။

အသက် ၁၃ ကနေ ၁၅ အတွင်းကလေးတွေကို
audition လုပ်ပြီး
အက choreography, music, language
ဒါတွေကို လေ့လာရတယ်။
တစ်ရက် ငါးနာရီလောက်ပဲ အိပ်ချိန်ရှိတယ်လို့ဆိုတယ်။
၇ နှစ် စာချုပ်နဲ့သွားကြတယ်။

Music တစ်ခုရဲ့ ပေါက်ကွဲမှုအားအကောင်းဆုံးရဲ့
target demographic တွေက teenager တွေနဲ့
နှစ်ဆယ်ကျော်အရွယ်လေးတွေဖြစ်တဲ့အတွက်
Agency တွေက ဒီ demographic အတွက်
သေချာ research လုပ်ထားတဲ့အတွက်
music အပြင်၊ PR, Music production, artist
အစရှိတာတွေကို integration ကောင်းကောင်းလုပ်နိုင်တယ်။

Agency အများစုက သီချင်းရေးတာက အစ
creative control လုပ်ထားတယ်။
Big Hit က တခြား agency တွေနဲ့ ယှဥ်ရင်
သေးတာ တစ်ကြောင်း differentiation လုပ်ဖို့တစ်ကြောင်း
BTS ကလေးတွေလက်ထက်မှာ creative freedom
ပေးလိုက်တော့ တခြား group တွေကို ကျော်တက်သွားတယ်။

BTS တစ်ခုတည်းက Korean Economy ကို
$3.5 Billion contribute လုပ်ပေးပြီး
Export $1 Billion contribute လုပ်ပေးနေတယ်တဲ့။
အောင်မြင်လွန်းလို့ Harvard Business Review မှာ
Big Hit Entertainment and Blockbuster Band BTS:
K-Pop Goes Global ဆိုပြီး case study ပါလာပြီ။

Peter Drucker ပြောသလို အလိုလိုထားရင်
မြက်ပင်တွေ ပဲပေါက်လာမှာ။
လှပတွေ အပင်တွေပေါက်ဖို့ သေချာပျိုးထောင်ဖို့လိုတယ်။

ပြိုင်ဖက်တွေကြားမှာ နှာတစ်ဖျားသာဖို့ဆိုတာ
မဟာဗျူဟာကျကျ စီမံခန့်ခွဲမှုနဲ့
တမင်တကာ မဖြစ်ဖြစ်အောင် လုပ်ဆောင်တဲ့
Deliberate practice လိုတယ်။

Phyo Paing @ Derek

Share Your Idea!​