တရုတ် Starbucks မှာ
ဝန်ထမ်းမမြဲတဲ့ပြဿနာ အမြဲဖြစ်ခဲ့တယ်။
လေ့လာကြည့်တော့
ဝန်ထမ်းအများစုက တက္ကသိုလ်ကျောင်းသားတွေ၊
တက္ကသိုလ်ဘွဲ့ရစတွေ ဖြစ်ပြီး
မိဘအများစုရဲ့အမြင်က
တက္ကသိုလ်တက်ပြီး ကော်ဖီရောင်းနေရတယ်။
အဲ့လို မြင်ပြီး Apple တို့၊ Google တို့မှာ
အလုပ်ရစေချင်တယ်။
ဒါနဲ့ Starbucks က သူ့ရဲ့ People First Policy ကို
မိဘတွေ သိအောင်ရှင်းပြတဲ့အပြင်
အာမခံကို ဝန်ထမ်းတွေပါမက
သူတို့ မိဘတွေအတွက်ပါ စီစဥ်ပေးလိုက်တယ်။
နောက်ပိုင်း Starbucks မှာလုပ်တဲ့
အမြင်က တဖြည်းဖြည်းပြောင်းလာတယ်။
Paypal ကို လူသုံးများအောင်စလုပ်သုံးက
သူငယ်ချင်းတွေကို သုံးအောင်ညွှန်းပေးရင်
$10 ပေးတယ်။
နောက်ပိုင်း ကုန်ကျစရိတ်များလာတော့
ဒီ ပရိုဂမ်ကိုရပ်ရင်လဲ လူအုပ်ကြီးရဲ့ပြဿနာရှိတယ်။
ဒီတော့ visa/ master နဲ့ ချိပ်ပြီး
$50 သွင်းရင် $10 fee ပေးတဲ့အပိုင်းလေးထည့်လိုက်တယ်။
Instagram ကို မစခင်
ဓာတ်ပုံရိုက်၊ Checkin တင်တဲ့ Burbn ကိုလုပ်တယ်။
Founder Kevin ကို သူ့အမျိုးသမီး Nicole က
ဓာတ်ပုံရိုက်ပြီး တင်ဆို ငါဆို တင်မှာမဟုတ်ဘူး။
ဓာတ်ပုံမလှရင် ဘယ်သူတင်မှာလဲပြောတော့
အိုင်ဒီယာအသစ်ရပြီး photo filter နဲ့
Instagram ကို စခဲ့တယ်။
ဝန်ထမ်း ၁၃ ယောက်ပဲရှိတဲ့ တစ်နှစ်ကျော်ကုမ္ပဏီကို
Facebook က 9 April 2012 မှာ
$1 Billion ပေးပြီး ဝယ်ခဲ့တယ်။
ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။