“အခြေခံအယူအဆ လွဲမှား” ရာကလာတယ်။
ဒါကြောင့် ဗုဒ္ဓက အယူမှားရင်
ဒိဋ္ဌိ လို့ဆိုတယ်။
အမြင်မမှန်ရင် အမှန်မမြင်နိုင်ဘူး။
လောကကြီးကို တရားတယ်လို့ထင်တာ
အခြေခံအယူအဆအမှားတစ်ခုဖြစ်နိုင်တယ်။
ယုံကြည်တဲ့အရာကို ခေါင်းမာမာနဲ့လုပ်ရင်
နောက်ဆုံးမှာ အောင်မြင်မှုရမယ်လို့ယူဆတာ
ဒါကလဲ အခြေခံယူဆချက်အမှားတစ်ခုပဲ
ဖြစ်နိုင်တယ်။
လမ်းမှားကို သွားနေပြီး
ယုံကြည်မှုနောက်လိုက်ရင်
လမ်းဆုံးရောက်မယ်ဆိုတာ
မဟုတ်မှန်း အားလုံးအသိပဲ။
ကိုယ့်ရဲ့ ယုံကြည်မှုက မှန်မမှန်
ပြန်လည်ဆန်းစစ်ဖို့
အကောင်းဆုံးနည်းက သွားနေတဲ့လမ်းက
အလုပ်ဖြစ်မဖြစ်ပဲ။
Phyo Paing @ Derek