Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပြဿနာအများစုရဲ့ တရားခံ

ပြဿနာအများစုရဲ့
တရားခံက

ပစ္စုပ္ပန်မှာ ကိုယ့်စိတ်ကို
ငြိမ်းချမ်းအောင် မနေနိုင်လို့။

ငြိမ်းချမ်းမှုရဲ့ ရန်သူက ဆန္ဒ။
လိုချင်ပြီး မရတာ ဒုက္ခ။
ရထားပြီး မလိုချင်လဲ ဒုက္ခ။
ဒီ ဒုက္ခနဲ့ ဆန္ဒက သူငယ်ချင်း။

ဆန္ဒတွေကြီးမားတိုင်း
အောင်မြင်တာတော့ မဟုတ်ဘူးဆိုတာ
သက်သေ သာဓကတွေ
ကိုယ့်ဘေးမှာအများကြီးပဲ။

ဘဝကို အထာကျကျ၊
ဆရာကျကျဖြတ်သန်းဖို့
မဂ္ဂင်ရှစ်ပါးကို နှလုံးသွင်းဖို့လိုတယ်။

၁။ သမ္မာဒိဋ္ဌိ – မှန်ကန်သော အမြင်လိုတယ်။
သစ္စာလေးပါးကို သိမြင်ဖို့လိုတယ်။

၂။ သမ္မာသင်္ကပ္ပ – မှန်ကန်သော အကြံအစည်၊
ကောင်းမွန်သော အတွေးအခေါ်များ၊
မှန်ကန်တဲ့ ရွေးချယ်မှုလိုတယ်။

၃။ သမ္မာဝါစာ – မှန်ကန်သော စကားပြောဆိုခြင်း၊
မုသားစကား၊ ကုန်းတိုက်စကား၊
ရိုင်းစိုင်းကြမ်းတမ်းသော စကားများကို
ရှောင်ကြဉ်ခြင်းလိုတယ်။

၄။ သမ္မာကမ္မန္တ – မှန်ကန်သော အပြုအမူ၊
သူတစ်ပါးကို မညှဉ်းဆဲခြင်း၊
မခိုးယူခြင်း၊ ကာမစော်ကားမှု မပြုခြင်းလိုတယ်။

၅။ သမ်မာအာဇီဝ –
မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု၊
တရားသော နည်းလမ်းဖြင့် အသက်မွေးခြင်းလိုတယ်။

၆။ သမ်မာဝါယာမ –
မှန်ကန်သော လုံ့လဝီရိယ၊
ကောင်းမှုကို ပြုလုပ်ရန် ကြိုးစားအားထုတ်မှုလိုတယ်။

၇။ သမ်မာသတိ –
မှန်ကန်သော သတိ၊ ကိုယ်၊ စိတ်၊ ခံစားမှု၊
သဘောတရားများကို အမြဲသတိထားနိုင်ဖို့လိုတယ်။

၈။ သမ်မာသမာဓိ –
မှန်ကန်သော တည်ငြိမ်မှု၊
စိတ်ကို တစ်နေရာတည်းတွင် ကောင်းစွာ ထားနိုင်ဖို့လိုတယ်။
အာရုံကို ထိန်းနိုင်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​