လူတစ်ယောက်ရဲ့ တန်ဖိုးက
လူတစ်စုအတွက်
ပြဿနာဖြေရှင်းနိုင်စွမ်းပဲ။
ဒါကတော့ အသုံးဝင်မှုအမြင်ပေါ့။
ဥပမာ ဝန်ထမ်းခန့်ထားတယ်ဗျာ။
အလုပ်ဘယ်လောက်ကြိုးစားကြိုးစား
boss ပြဿနာ မဖြေရှင်းပေးနိုင်ရင်
ဒါ အသုံးမဝင်ပါဘူး။
ကြိုးစားတာနဲ့ အသုံးဝင်တာ မတူပါဘူး။
ကြိုးစားတာက input ပါ။
အသုံးဝင်တာက output ပါ။
boss က output ကို ကြည့်ပါတယ်။
customer က output ကို ကြည့်ပါတယ်။
စျေးကွက်က output ကို ကြည့်ပါတယ်။
ဒါဆို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။
ကိုယ် ဘယ်သူ့ ပြဿနာကို ဖြေရှင်းပေးနေလဲ။
ကိုယ် ဖြေရှင်းပေးနေတဲ့ ပြဿနာက
ဘယ်လောက် ကြီးလဲ။
ပြဿနာ ကြီးလေ
ကိုယ့် တန်ဖိုး မြင့်လေပါပဲ။
Phyo Paing @ Derek