ဘဝဆိုတာ သင်္ချာပုစ္ဆာတစ်ခုလိုပဲ။
ပေးထားချက်တွေကြားမှာ
ပြဿနာကို အဖြေရှာရတာမျိုး။
ဘဝဆိုတာ ဒုက္ခလို့
ဗုဒ္ဓက ဆိုမိန့်တယ်။
ပြဿနာကို စိတ်ခံစားမှုထည့်ရင်
ဒုက္ခဖြစ်တယ်လို့ ယူဆတယ်။
ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ
အသက်ရှင်တုန်း ဒုက္ခရဲ့
အီကွေးရှင်းကို ချိန်ဆဖို့
ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမြင့်အောင်
နေ့စဉ်လေ့ကျင့်နေသလို၊
စိတ်ခံစားမှုတွေကို ကွပ်ကဲထိန်းချုပ်နိုင်အောင်
သတိ၊ အသိ၊ ပညာကလဲ အရေးကြီးတယ်လို့
ခံယူထားတယ်။
Phyo Paing @ Derek