သဘာဝဖြစ်စဥ်နဲ့ သွေဖယ်ပြီး
အဆိုးဖက်ရောက်သွားတာကို
ဖောက်ပြန်တယ်လို့ ခေါ်တယ်။
ခန္ဓာကိုယ်ကြီးက ပုံမှန်ဖြစ်စဥ်မဟုတ်ပဲ
ရောဂါဘယဝင်တဲ့အတွက်
ဖောက်ပြန်တတ်တယ်။
စိတ်ဆိုတဲ့အရာကလဲ ပုံမှန်ဖြစ်စဥ်မဟုတ်ပဲ
အတွေး၊ အခြေအနေ အမျိုးမျိုးကြောင့်
ဖောက်ပြန်တတ်တယ်။
စိတ်က ကိုယ်ထက် ဖော်ပြန်လွယ်တယ်။
တစ်ရက်ကို အတွေးပေါင်း သောင်းချီတွေးနေတဲ့စိတ်ကို
မလေ့ကျင့်တတ်ရင်
ဖောက်ပြန်မှု အပေါင်းသရဖူဆောင်းတဲ့အခါ
လောကသဘာဝနဲ့ သဟဇာတ မဖြစ်တဲ့အခါ
ဘဝက အံဝင်ဂွင်ကျမဖြစ်၊
စိတ်သွားတိုင်း ခရီးမတွင်၊
စိတ်အလိုမကျ ဖြစ်တတ်တယ်။
စိတ်ဖောက်ပြန်တာကို
အာရုံစိုက်မှုနဲ့ အစားထိုးလို့ရတယ်။
အာရုံစိုက်မှုကို စာဖတ်ခြင်း၊
တရားထိုင်ခြင်း၊
ကိုယ့်ရဲ့အတွေးတွေကို ပြန်လည်ဆန်းစစ်ခြင်းနဲ့
သွားလို့ရတယ်။
အာရုံကို အာဏာကုန်တစ်ခုတည်းကို
စူးစိုက်နိုင်တဲ့အခါ သမာဓိ ဖြစ်တယ်။
သမာဓိဆိုတာ စိတ်ဒဏ်ရာတွေရဲ့
သမားတော်ပဲ။
စကားလုံးကြီးသာ ကြီးနေတာ။
သမာဓိဆိုတာ စိတ်တည်ကြည်ခြင်းကိုဆိုတာ။
အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်
သမာဓိ တည်ကြည်ဖို့
စိတ်ကို လေ့ကျင့်ဖို့၊
စိတ်ထဲ အမှိုက်တွေ မထည့်ဖို့၊
ထည့်မိတဲ့အမှိုက်တွေကို ခြေဖျက်ဖို့လိုတတ်တယ်။
Phyo Paing @ Derek