Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဖောက်သည်တိုင်းက မတူဘူး။

စီးပွားရေးတိုင်းခွဲခြားဆက်ဆံကြတယ်။
သေချာကြည့်လေ မြင်လေဖြစ်လိမ့်မယ်။

ဖောက်သည်တိုင်းက မတူဘူး။

Customer is King ခေတ်က
Supercustomer is King ဖြစ်သွားပြီ။

သေချာကြည့်တတ်မယ်ဆိုရင်
ဖောက်သည်တိုင်းကို တန်းတူဆက်ဆံတယ်ဆိုတာ
မမှန်ဘူး။
စီးပွားရေးတွေက ခွဲခြားဆက်ဆံကြတယ်။

လေကြောင်းလိုင်းတွေမှာ
သာမာန်ခုံနဲ့ Business Class ခွဲခြားတယ်။

VVIP, VIP ခွဲခြားတယ်။

ဝယ်ယူတဲ့ ပမာဏ နည်းများပေါ်မူတည်ပြီး
ပြန်ခွဲခြားကြပြန်တယ်။

ဒါကို customer segmentation လို့ခေါ်တယ်။

ဒါက အရင်းရှင် capitalist ခေတ်ရဲ့ ပြယုဂ်ပဲ။

လူတိုင်းကို တပြေးညီဆက်ဆံဆိုတာ
နားထောင်လို့ကောင်းတယ်။
ကျင့်သုံးခဲ့ကြတယ်။
ကွန်မြူနစ်စနစ် ဘယ်လိုဖြစ်သွားလဲ
ဆိုဗီယက်ယူနီယံကိုကြည့်ရင် သိနေတာပဲ။

ခွဲခြားဆက်ဆံခံရတဲ့ ခေတ်မှာ
တန်းတူညီမျှမှုကို တောင်းတနေခဲ့တဲ့ကျွန်တော်တို့
စီးပွားပညာကို သင်ယူပြီး
လောကကြီးက မမျှတဘူးဆိုတာ
ပိုနားလည်လာတယ်။

“Life is not fair; get used to it” တဲ့။
ဘဝက မတရားဘူး။
နေတတ်အောင်လေ့ကျင့်တဲ့။

ဟုတ်ကဲ့ပါလို့ပဲ နှလုံးသွင်းလိုက်တယ်။

Phyo Paing @ Derek

Share Your Idea!​