အယူအဆတစ်ခုကို ပြောပြမယ်နော်။
မှန်မမှန်တော့စဥ်းစားကြည့်။
ဘာကြောင့် ပညာတွေသင်သလဲ။
ဘာကြောင့် စာအုပ်တွေများများဖတ်သလဲ။
ဘာကြောင့် ပိုက်ဆံတွေရှာသလဲ။
ဖြစ်နိုင်စွမ်းတွေ မြင့်တက်အောင်လို့။
စာအုပ်များများဖတ်ရင်
မတူညီတဲ့ ရှုထောင့်က များများမြင်နိုင်တယ်။
ဖြစ်နိုင်ခြေတွေ အများကြီးစဥ်းစားလို့ရတယ်။
ပညာများများတတ်ရင်
များများအသုံးချ၊ များများတီထွင်နိုင်တယ်။
ဒီဇိုင်းပညာ မတတ်ပဲ
ဒီဇိုင်းကို လျှောက်ထွင်လို့မရဘူး။
ဂီတအခြေခံ၊ ပညာမတတ်ပဲ
လျှောက်ထွင်လို့မရဘူး။
ပညာဆိုတာ လူသားတွေ
နှစ်ထောင်ပေါင်းများစွာ ပြုစုပြီး
စနစ်တကျ လက်ဆင့်ကမ်းလာတာ။
အပြောင်းအလဲလုပ်ချင်ရင်
အခြေခံက စတင်ဖို့တော့လိုတယ်။
လောကီမှာနေနေသမျှတော့
လောကီပညာကို အကောင်းဆုံးအသုံးချပြီး
လိုချင်တာရအောင်လုပ်ရမှာပဲ။
I’m going to discuss a belief.
Consider whether it is correct or not.
Why do we pursue education?
Why do we read numerous books?
Why do we seek to earn money?
It’s to enhance our capabilities.
Reading extensively allows us to view things from different perspectives and contemplate a multitude of possibilities.
The more knowledge we acquire,
the more we can apply and innovate.
Without understanding design,
we cannot invent in the field of design.
Similarly, without a basic understanding of music and knowledge,
we cannot create music.
Knowledge represents the compilation of human wisdom, systematically preserved and transmitted over thousands of years.
To initiate change,
starting with the fundamentals is essential.
Living in this world,
we must optimally utilize our worldly knowledge
to act effectively and achieve our desires.”
Phyo Paing @ Derek