Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဖြစ်ရပ်တိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီရှိတယ်။

လူတွေထင်ကြတာ ဆေးကျောင်းတက်ပြီး ဆရာဝန်မလုပ်ရင် အလကားဖြစ်သွားပြီထင်ကြတာ။ လူအများစုက accounting သင်ယူပြီး accountant ဖြစ်ဖြစ်သွားတယ်။ ဥပဒေပညာသင်ပြီး ရှေ့နေလုပ်ရမယ်ဆိုတာ အများစု ယူဆကြတယ်။ တရုတ် communist ခေါင်းဆောင် အများစုဟာ engineer ဖြစ်တယ်။ Lee Kuan Yew ဟာ ရှေ့နေဖြစ်တယ်။

ပညာရပ်တစ်ခု သင်ပြီးသွားတဲ့အခါ attitude အနည်းနဲ့အများပြောင်းသွားသလို နောက်ပညာရပ်တစ်ခုပြန်သင်ယူတဲ့အခါ အင်မတန်လွယ်ကူလာတယ်။ ဦးနှောက်မှာ ရှိတဲ့ dendrite တွေဟာ ပညာရပ်တစ်ခုသင်ယူပြီးတဲ့အခါ axonal Connection တွေဖြစ်တယ်။ လေ့လာထားသမျှ အလကားမဖြစ်ဘူး။ တချိန်မှာ connecting the dots ဖြစ်မယ်။

Elon Musk လေ့လာခဲ့တဲ့ economics ဟာ သူ့လုပ်ငန်းမှာ များစွာအထောက်အကူပြုသလို Jack Ma ကျောင်းဆရာလုပ်ခဲ့တဲ့အတွက် လုပ်ငန်းအကြောင်းကို ကောင်းစွာရှင်းပြတဲ့နေရာ Public Speaking မှာ များစွာအားသာတာကိုတွေ့ရလိမ့်မယ်။ Apple Inc မှာ Marketing ဆရာကျခဲ့တဲ့ Chief Evangelist လို့ခေါ်တဲ့ Guy Kawasaki ဟာ ဥပဒေဘွဲ့ရဖြစ်တယ်။

History ကို လေ့လာပြီး Growth-hacker Marketing မှာဆရာကျ တဲ့ Ryan Holiday ရဲ့ Ego is the Enemy တို့ Obstacle is the way တို့ Robert Greene ရဲ့စာအုပ်တွေဟာ သူတို့ တစ်လမ်းပဲသွားခဲ့မယ်ဆိုရင် သိပ်ဖတ်လို့ကောင်းမှာ မဟုတ်ဘူး။ Career မှားတယ်ဆိုတာမရှိဘူး။ Passion, Profit နဲ့ Purpose မဆုံသေးတာဖြစ်တယ်။

ပညာရပ်တစ်ခုလေ့လာတဲ့အခါ preconceived Idea မထားပဲ စာရွက်ဖြူလေးလိုလေ့လာသင့်သလို သင်ကြားတဲ့ဆရာမှာ Passion 110% ရှိဖို့လိုတယ်။

ဆရာ John လို့ခေါ်တဲ့ အင်္ဂလိပ်ဆရာ မရှိခဲ့ရင် ရှစ်တန်းပြီးတဲ့ထိ either or, neither nor မသိတဲ့ ကျွန်တော် English စာဖတ်တက်ခဲ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် လူတွေကိုအပြောင်းအလဲလုပ်ပေးတဲ့နေရာမှာ ဆရာ၊ ဆရာမတွေရဲ့ role ဟာ အင်မတန်အရေးကြီးပါတယ်။

ကျွန်တော့်ရဲ့ Purpose ကတော့ Quality Education ဖြစ်တဲ့အတွက် အမြတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဘယ်လိုဖြစ်ဖြစ် စာဆက်သင်နေပါမယ်။

Phyo Paing @ Derek

Share Your Idea!​