ဖြည့်တိုင်း မပြည့်တဲ့အိုးက ဘာအိုးလဲ။
ဖြည့်တိုင်း မပြည့်တဲ့အိုးက
ဆန္ဒဆိုတဲ့ အိုးပဲ။
ဆန္ဒတွေ ဖြည့်တိုင်းမပြည့်ရင် ဒေါသ။
ဆန္ဒတွေ အပြည့်လွန်ရင် မာနဖြစ်တယ်။
ဒီနှစ်ခုကြားမှာ အလယ်အလတ်
အထာကျဖို့ ချိန်ငြိရပြန်တယ်။
ဆန္ဒတွေနဲ့ ဆာလောင်မှုတွန်းအားနဲ့အတူ
နေ့စဉ်ဘဝ ဖြတ်သန်းမှုအတွက်
လောင်စာတွေလိုတယ်။
ဒီလောင်စာတွေက ကျန်းမာကြံ့ခိုင်ရေး၊
အချစ်နဲ့ မိသားစု။
လိုအပ်တဲ့ ငွေကြေးနဲ့ ဘဝအခြေအနေခိုင်ဖို့။
လူလုပ်ရတာက
ဆန္ဒ နဲ့ ဘဝကို ပညာသားပါပါ
ငြိယူရတာပဲ။
Phyo Paing @ Derek