ဘယ်နေရာရောက်ရောက်
မျက်နှာမငယ်ချင်ရင်
နေ့စဥ် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်။
မွေးလာတဲ့နေရာ၊
ဖြစ်တည်လာတဲ့ လူမျိုး၊
ကြီးလာတဲ့ အသိုင်းအဝိုင်း၊
သင်လာခဲ့တဲ့ပညာရေး
ဒါတွေကို ပြောင်းလို့မရဘူး။
ဒါပေမယ့် ပစ္စုပ္ပန်တိုင်းမှာ
နေ့စဥ် ဘာလုပ်မလဲဆိုတာ
ရွေးချယ်လို့ရတယ်။
စိတ်၊ ခန္ဓာ၊ နှလုံးသား
ဒီသုံးခုကို နေ့တိုင်းတည်ဆောက်။
စိတ်ကို တည်ဆောက်ဖို့ စာဖတ်။
တရားထိုင်၊ ဂျာနယ်ရေး။
ခန္ဓာကိုယ်တည်ဆောက်ဖို့
အစားနဲ့လေ့ကျင့်ခန်းဂရုစိုက်လုပ်။
နှလုံးသားကို တည်ဆောက်ဖို့
ကိုယ်မစဥ်းစားပဲ
မနေနိုင်တဲ့အလုပ်တွေကိုလုပ်။
လူတွေကို ပြန်လည်မျှဝေပေး။
Phyo Paing @ Derek