ကျွန်တော်သာဆို ဘာလုပ်မလဲ
ခဏ ခဏ လာမေးကြတဲ့ မိတ်ဆွေတွေကို
ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်။
မှန်ရင်လဲ မှန်မယ်။
မှားရင်လဲ မှားမယ်။
တစ်ခုခုတော့ အကျိုးရှိစေလိမ့်မယ်။
ကျွန်တော်သာ ၂၁-၂၅ နှစ်အောက်
ဘွဲ့ရပြီးသားဆို
UK Ofqual အသိအမှတ်ပြု
Level 6 Diploma တစ်ခုကို
အချိန်ခြောက်လလောက်အတွင်းယူမယ်။
နောက် PR မခက်တဲ့နိုင်ငံ
ဥပမာ Canda ဖက်က
Master တစ်ခု သွားတက်မယ်။
နှစ်နှစ်တက်ပြီး သုံးနှစ်အလုပ်လုပ်ခွင့်ရ၊
တစ်နှစ်ပြီးတာနဲ့ PR လျှောက်မယ်။
ဟိုမှာအလုပ်လုပ်ရင်လုပ်
ပြီးမှ မြန်မာပြည်ပြန်လာ စီးပွားရေးလုပ်။
ဘာကြောင့် Ofqual လဲဆိုတော့
မြန်မာပြည်ဘွဲ့တချို့က
Third party verification လုပ်တဲ့အခါ
သိပ်စိတ်မချရဘူး။
Third party verification ဆိုတာ
ကိုယ့်ဘွဲ့လက်မှတ် ဘယ်လောက်
အဆင့်ရှိလဲဆိုတာ ဆန်းစစ်တဲ့
အဖွဲ့အစည်း
ဥပမာ World Education Services (WES) တို့လို။
ကျွန်တော် ၂၅ နှစ်လောက်က
Smart phone,
Education and Training Industry
အရမ်း timing ကောင်းတော့
တကယ်လို့ သွားခဲ့ရင်
opportunity cost က များတယ်။
တကယ်လို့ ၂၃ အောက် ဘွဲ့မရသေးရင်
သိန်း ၁၀၀-၁၅၀ ကြားနဲ့ ဘွဲ့ယူလို့ရမည့်
UK pathway ကိုလုပ်မယ်။
နောက်မှ migrate လုပ်မယ်။
အသက် ၃၀ အထက် ဆိုရင်တော့
ဒီမှာ ငွေသာရှာ။
တခြား SME တို့၊ တခြား pathway နဲ့သွားတာ
ပိုပြီးတော့ လက်တွေ့ကျနိုင်တယ်။
အသက်ကြီးလေ ရတဲ့ point ကျလေကိုး။
နောက်မြေတွေဝယ်သလို
ပြေးပေါက်တစ်ခုလဲ ဝယ်ထားဖို့လိုတယ်။
ဘယ်နေ့ဘာဖြစ်မလဲ
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Phyo Paing @ Derek