ကော်ပြီကူးရခက်တဲ့ လုပ်ငန်းတစ်ခု
ဖန်တီးဖို့ ဂေဟစနစ်တည်ဆောက်ဖို့လိုတယ်။
ဒါကို Ecosystem လို့ခေါ်တယ်။
ဒီ ဂေဟစနစ်တည်ဆောက်တဲ့စနစ်ကို
ကျွန်တော်ကတော့ P လေးလုံးနဲ့
အလွယ်ကူဆုံးလုပ်ဆောင်လို့ရအောင်
Akyanpay’s Guide to Ecosystem Building မှာ
လွယ်ကူရိုးရှင်းအောင် ဖန်တီးထားတယ်။
၁။ Problem Statement စျေးကွက်ပြဿနာ
လုပ်ငန်းစတဲ့အခါ စျေးကွက်ပြဿနာကိုသိရတယ်။
ဒါကို Problem-Market Fit လို့ခေါ်တယ်။
စျေးကွက်ပြဿနာရဲ့ အတိမ်အနက်ကို
တခြားသူတွေထက် ပိုသိလေလေ
ဖြေရှင်းဖို့ နည်းလမ်းကောင်းပိုရနိုင်လေလေ။
၂။ Product-Market Fit ကုန်ပစ္စည်းနဲ့ စျေးကွက်အံ့ဝင်ဂွင်ကျဖြစ်မှု
စျေးကွက်ပြဿနာသိပြီဆိုရင်
ဒီပြဿနာဖြေရှင်းဖို့ ကုန်ပစ္စည်း၊
ဝန်ဆောင်မှု တွေ ဖန်တီးရပြီ။
ကိုယ်ရောင်းမည့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့
စျေးကွက်နဲ့ တစ်သားတည်းကျအောင်လုပ်ဆောင်တဲ့အဆင့်။
၃။ Positioning ဖောက်သည်တွေရင်ထဲ နေရာယူမှု
ကိုယ့်ဖောက်သည်တွေ၊ အလားအလာရှိတဲ့ဖောက်သည်တွေ
ဘယ်လိုစကားလုံးတွေ ကြားရင် ကိုယ့်အမှတ်တံဆိပ်ကို
စဥ်းစားမိအောင်လုပ်မလဲ။
ကိုယ့်လုပ်ငန်းကို ဘယ်လို မှတ်မိစေချင်လဲ။
ဒီလိုလုပ်ဆောင်တာကို Positioning လို့ခေါ်ပါတယ်။
၄။ Platform ပလက်ဖောင်းတည်ဆောက်ခြင်း
ဒီတစ်ခုက တော်တော်လေး အရေးကြီးပါတယ်။
ပလက်ဖောင်းလို့ပြောလိုက်တဲ့အခါ
ကိုယ့်လုပ်ငန်းနဲ့ ဖောက်သည်နှစ်ဦးတည်းမဟုတ်တော့ဘူး။
တခြားပါတနာတွေ ပါလာပြီ။
အမြင်သာဆုံးကတော့ ဒီနေ့ခေတ်
Denko တို့၊ BOC တို့လို ဓာတ်ဆီဆိုင်တွေက
ဓာတ်ဆီရောင်းတာအပြင်
ပစ္စည်းဝယ်လို့ရတဲ့ စတိုးဆိုင် Convenience Store တွေ၊
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေနဲ့
တည်ဆောက်တာမျိုးပေါ့။
ခပ်ကြီးကြီးပြောရမယ်ဆို
Apple တို့၊ Microsoft၊ Facebook၊
Google ဆိုရင် App store လုပ်ပြီး
developer နဲ့ user ချိပ်ဆက်တာ။
Xiaomi ဆို Mi Jia (米家)လုပ်တာမျိုး။
ကိုယ့်လုပ်ငန်းက ဂေဟစနစ်မတည်ဆောက်ပဲ
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုတည်းနဲ့ပြိုင်နေရင်
လူတွေ ကော်ပီကူးလို့ရနိုင်တယ်။
ဒါကြောင့် လုပ်ငန်းရှင်တို့
ဘယ်လောက်ခက်ခဲတဲ့ ဒေသမှာပဲနေနေ
ဂေဟစနစ်တည်ဆောက်ဖို့ အရေးကြီးပါတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay