ကွန်ကျိုးမှာ သူဌေးက
မန်နေဂျာ အယောက်တစ်ရာကို
ခေါ် ပြီး မီတင်လုပ်တယ်။
ငါတို့မှာ ပြဿနာဘာတွေရှိလဲဟေ့ဆိုတော့
တစ်ယောက်ပြီးတစ်ယောက်
လက်ထောင်ပြီး အလုအယက်ပြောဖို့
လုပ်ကြတယ်။
ဘယ်သူ့မှာ ပြဿနာတွေအတွက်
စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့
အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။
ဘယ်သူတာဝန်ယူဖြေရှင်းနိုင်လဲဆိုတော့
ဆယ်ယောက်လောက်ပဲ ကျန်တယ်။
အရည်အချင်းရှိတဲ့ မန်နေဂျာဟုတ်မဟုတ်
၁။ လိုချင်တာပဲ အဓိကစဉ်းစားလား
ဖြစ်အောင်လုပ်ဖို့ကြံဆလား။
မလိုချင်တာပဲ ခဏခဏစဉ်းစား
စိတ်တိုင်းမကျဖြစ်နေလားနဲ့ သိနိုင်တယ်။
၂။ ဆင်ခြေတွေပဲပေးနေတာလား။
ရလဒ်တွေ ယူလာလားနဲ့ ကြည့်တယ်။
Reason or Result တစ်ခုပဲရမယ်။
၃။ ကိုယ့်ကိုယ်ကို တာဝန်ယူသလား။
အပြစ်တင်တတ်သလားနဲ့ ကြည့်လို့ရတယ်။
၄။ ပြဿနာဖြေရှင်းနည်း
ဘယ်လောက်စွမ်းလဲနဲ့ သိနိုင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay