လူတစ်ယောက်နဲ့တစ်ယောက်
ပေးတဲ့ ဓာတ်ချင်းမတူဘူး။
တချို့သူတွေနားရောက်ရင်
အလိုလိုလောဘကြီးလာတယ်။
တချို့သူတွေနားဆို
အလိုလိုအေးချမ်းလာတယ်။
တချို့သူတွေနားက
အလိုလို ပူလောင်လာတယ်။
တချို့သူတွေနားက
အလိုလို အလင်းတွေပွင့်လာတယ်။
ကိုယ်နဲ့တွေ့တဲ့ သူတွေကပေးတဲ့
ဓာတ်တွေကို မှတ်ထား။
ပြီးရင် ဘယ်အချိန်မှာ
ဘယ်သူနဲ့တွေ့ရမယ်၊
ဘယ်အချိန်ဘယ်သူနဲ့မတွေ့ရဘူး
စီမံလို့ရမယ်။
Phyo Paing @ Derek