Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘယ်အရာမှ အလကားမဖြစ်ဘူး။

ဆေးကျောင်းမှာ စာမေးပွဲပြီးလို့
ပျော်ရမယ် မကြံနဲ့
နောက်စာမေးပွဲတစ်ခုက ထပ်လာပြီ။
တစ်လ စာမေးပွဲတစ်ခုလောက်ရှိတယ်ပြောရမယ်။
စာသင်ရတယ်။ ဆေးရုံသွားရတယ်။
စာမေးပွဲဖြေရတယ်။

တကယ့်လက်တွေ့ဘဝရောက်တဲ့အခါ
အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ပြီး
လစဥ် စာမေးပွဲစစ်သလို
Project အသစ်တွေ လုပ်တဲ့အခါ
ခံနိုင်ရည်ရှိလာတယ်။

လူနာတွေ့ရင် ရောဂါရာဇဝင်မေးတာ၊
စမ်းသပ်ရတာ၊
ရောဂါအမျိုးအမည်ကို ခွဲခြားဆုံးဖြတ်ပေးတာ၊
ဖြစ်စေတဲ့အကြောင်းအရင်းကို ရှာဖွေတာ၊
ကုသဖို့လမ်းကြောင်းပေးတာ။
ဒီ အရာတွေ အကုန်လုံးက
အကြံပေးလုပ်တဲ့အခါ
ထင်မှတ်မထားလောက်အောင်
အသုံးဝင်တယ်။

တကယ်တမ်း ကိုယ်လုပ်ခဲ့တဲ့
ဘယ်အလုပ်မှ အလကားဖြစ်သွားတယ်မရှိဘူး။
ကျွမ်းကျင်မှုတွေက လွဲယူလို့ရတယ်။

အရေးကြီးတာ စတိဂျော့ပြောသလို
You can only connect the dots by going backward ဆိုသလို
ဘဝရဲ့မဟာဗျူဟာအတွက်
ပစ္စုပ္ပန်နဲ့ အတိတ်ကို ချိပ်ဆက်
အနာဂတ်ကို ဖန်တီးနိုင်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​