စမ်းသပ်မှုတွေက “တွေ့ရှိမှု”
အသစ်တွေဖြစ်တယ်။
တွေ့ရှိမှုက “နားလည်မှု” တွေဖြစ်လာတယ်။
ဒီ Experiment 🧪
ဒီ Discovery 💡 နဲ့
ဒီ Insight တွေ ဟာ
ဘဝကို နောက်တစ်ဆင့်တွန်းပို့ပေးတယ်။
လူကြောက်လေးတစ်ယောက်က
လူပေါင်းသင်းတတ်ဖို့ လေ့လာပြီး
နည်းစနစ်တွေကို စမ်းကြည့်တယ်။
ဒီကမှတစ်ဆင့်
ပေါင်းသင်းဆက်ဆံရေးကောင်းသူ
ဖြစ်လာခဲ့တယ်။
လူရှေ့သူရှေ့မှာ နာရီပေါင်းများစွာ
ပြောတတ်ဖို့ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။
နောက်ပိုင်း လူရှေ့သူရှေ့
ဟောပြောကျွမ်းကျင်တဲ့သူဖြစ်လာတယ်။
မြန်မာစကားကောင်းကောင်းမပြောတတ်တာကို
ဥပစာနဲ့ ပုံပြင်တွေနဲ့
စာတိုတိုအတွင်း
ပေးချင်တဲ့ message ရောက်အောင်
ပေးဖို့ စာရေးနည်းသစ် စမ်းသပ်ခဲ့တယ်။
Content Marketing ကို ကွဲထွက်တဲ့
ပုံစံနဲ့ မျှဝေလို့ရလာတယ်။
Website ကနေ ဝင်ငွေဖန်တီးဖို့
စမ်းသပ်တယ်။
တခြားသူတွေကို ပြန်ကူညီပေးနိုင်တယ်။
Coaching/Consulting ကို စွယ်စုံ
သိထားတဲ့ အသိပညာနဲ့ပေါင်းစပ်ပြီး
တစ်ရက် client သုံးယောက်ကို
100% Online ကနေ ပေးနိုင်ဖို့
Derek’s Brain on Demand
business model ကိုစမ်းသပ်ခဲ့တယ်။
2020 နှစ်စကစပြီး public training ပေးဖို့
မအားလောက်အောင် ဖြစ်သွားတယ်။
ဦးနှောက်စွမ်းပကား၊ မသိစိတ်စွမ်းပကား၊
Personal finance စွမ်းပကား၊
ဇီဝကမ္မဖြစ်စဉ်စွမ်းကားတွေလေ့လာပြီး
စမ်းသပ်မှုတွေ ပြုလုပ်တယ်။
စမ်းသပ်မှုတိုင်းက
အလုပ်မဖြစ်တဲ့နည်းလမ်းတွေတွေ့လာတယ်။
တချိန်တည်းမှာ အလုပ်ဖြစ်တဲ့နည်းလမ်းတွေ
တွေ့လာတယ်။
အလုပ်ဖြစ်တဲ့နည်းလမ်းတွေလုပ်ရင်း
Next level ကိုရောက်ရောက်သွားတယ်။
စမ်းသပ်မှုတွေ ပြုလုပ်ရမှာ
မကြောက်ပါနဲ့။
Phyo Paing @ Derek