အဿပြာပြည့်စုံရင်
အဓိပ္ပာယ်ရှာတတ်တာ
လူတွေရဲ့သဘော သဘာဝ။
Money ပြီးရင်
Meaning ရှာတယ်။
ရှင်သန်မှုရဲ့အဓိပ္ပာယ်ကို
တချို့က အချစ်ကရှာတယ်။
တချို့က အလုပ်ကရှာတယ်။
တချို့က အောင်မြင်မှုကရှာတယ်။
တချို့က အာဏာပါဝါက ရှာတယ်။
တချို့က ပေးဆပ်မှုကရှာတယ်။
တချို့က တွေ့ရှိမှုကရှာတယ်။
တချို့က မျှဝေမှုကရှာတယ်။
တချို့က ဘာသာတရားကိုးကွယ်မှုကရှာတယ်။
ရှင်သန်မှုရဲ့ အဓိပ္ပာယ်ရှာမတွေ့တဲ့အခါ
လောကမှာ လမ်းတွေပျောက်တယ်။
သောကတွေများပြီး
ဒေါသတွေပွားတယ်။
အခြေခံက
ကိုယ့်ရဲ့ရှင်သန်ခြင်းအဓိပ္ပာယ်ကို
မသိနားမလည်ခြင်း မောဟကလာတယ်။
သောကတွေနည်း၊
ဒေါသတွေစဲဖို့
ကိုယ့်ရှင်သန်ဖို့ရဲ့အဓိပ္ပာယ်ရှာဖို့လိုတယ်။
Logo ဆိုတာ အဓိပ္ပာယ်။
ဘဝရဲ့အဓိပ္ပာယ်ရှာဖွေခြင်းနဲ့
လူတွေရဲ့စိတ်ရောဂါကိုကုသပေးတဲ့
Logotherapy ဆိုတာ
စိတ်ပညာမှာ ရှိတယ်။
Man’s search for meaning
ဘဝအဓိပ္ပာယ်ရှာဖွေခြင်းလို့ဆိုတဲ့
ကမ္ဘာကျော်စာအုပ်ကိုရေးခဲ့တဲ့
Dr. Viktor Frankl ဖန်တီးထားတာ။
ဘဝကို
အသက်ရှင်ပြီး အသက်ဝင်ချင်ရင်
အဿပြာတွေရှာနေရင်းနဲ့
အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။
Phyo Paing @ Derek