ဆေးရုံမှာ အသက်ရှူမဝ
အသက်ငင်နေရတဲ့
လူနာတွေ အများကြီးကို
ပြုစုပေးခဲ့ဖူးတယ်။
ဒါကြောင့် ကိုယ်အသက်ကို
ဝဝလင်လင် ရှူနေနိုင်တိုင်း
ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။
ဘဝမှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့
ဘဝနေဝင်ချိန်ကို ပင်ပင်ပန်းပန်း
စောင့်နေတဲ့ လူနာတွေကို
ပြုစုပေးခဲ့ဖူးတယ်။
ကျန်းကျန်းမာမာ အသက်ရှင်နေတဲ့
နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့
တန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့တယ်။
ဘဝမှာ လမ်းလျှောက်လို့မရတော့တာ၊
မျက်စိမမြင်ကွယ်သွားတာ
ဒီလို အဖြစ်အပျက်ပေါင်းများစွာ
လူနာတွေကို
တွေ့ရှိကြုံကြိုက်ဖူးခဲ့တယ်။
ကိုယ့်ဘဝရဲ့ ရှင်သန်မှုတိုင်းကို
တန်ဖိုးထားဖို့နဲ့
အသုံးဝင် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့
ဆုံးဖြတ်ခဲ့တယ်။
အသက်ရှင်တိုင်း
ပညာရေးနဲ့နည်းပညာသုံးပြီး
ဘဝတွေ ပိုကောင်းအောင်လုပ်ပေးဖို့
သံဓိဠာန်ချထားတယ်။
Phyo Paing @ Derek