အချိန်ကို ကပ်စေးနည်းပါ။
အချိန်က သံသရာဖြတ်သန်းမှုအတွက်
လောင်စာပဲ။
အချိန်က ကုသိုလ်လဲဟုတ်တယ်။
အချိန်က ပညာလဲဟုတ်တယ်။
အချိန်က ဥစ္စာလဲဟုတ်တယ်။
အချိန်ကို အဖိုးတန်စေတာ
အသိ၊ သတိ နဲ့ သမာဓိ။
ဒီသုံးခုကို နိုးကြားစူးရှစေတာ
စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။
တချို့က အချိန်ရှိတယ်။
အချိန်ရဲ့တန်ဖိုးကိုနားလည်တဲ့အသိမရှိဘူး။
တချို့က အချိန်ရှိတယ်။
စိတ်နဲ့ကိုယ်မကပ် သတိမရှိဘူး။
တချို့က အချိန်ရှိတယ်။
အကြောင်းအရာတစ်ခုကို
အချိန်အကြာကြီး စူးစိုက်မှု မပြုနိုင်ဘူး။
အချိန်က ဘဝလဲဟုတ်တယ်။
အချိန်က ရထားလဲဟုတ်တယ်။
အချိန်က အရင်းအမြစ်လဲဟုတ်တယ်။
အချိန်က အရာရာပဲ။
ဘဝကို ချစ်ရင်
အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek