ဘဝကို ပိတ်မိနေတယ်ခံစားရသလား
ဒီ ငါးချက်ကို လုပ်ကြည့်ပါ။
၁။ ကိုယ့်ရဲ့ရုန်းကန်မှုကို
အဓိပ္ပာယ်ရှိတဲ့ ပုံပြင်အဖြစ်ပြောင်းပါ။
Creating meaningful story
လူတွေရဲ့ ရုန်းကန်မှုတိုင်းမှာ
အဓိပ္ပာယ်လိုတယ်။
ဒါကို Dr. Viktor Frankl က
စိတ်ပညာအခွဲတစ်ခုအဖြစ်
Logotherapy ကို တီထွင်ခဲ့တယ်။
၂။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးလိုက်နဲ့။
ကိုယ့်ကိုယ်ကိုယ် အထင်သေးရင်
လုပ်ရပ်တွေကလဲ ပေါ့သွားမယ်။
လူဖြစ်ဖို့ မလွယ်ဘူး။
ကျန်းကျန်းမာမာ အနာကင်းကင်း
မွေးဖို့ ပိုမလွယ်ပါဘူး။
လူဖြစ်ရတာလဲ မလွယ်ပါဘူး။
ဒီအခြေအနေထိ ဒူပေဒါပေခံခဲ့ပြီဆို
စိတ်ရောဂါ မဖြစ်သေးဘူးဆို
ဒါက သင်တော်တော် သန်မာတဲ့သူဖြစ်လို့ပဲ။
သာမာန်လူအများစုဆို
ဖြတ်သန်းလာတဲ့ အခြေအနေတွေကြောင့်
သွေးပျက်သွားလောက်တယ်။
ရေမလာ၊ မီးပျက်၊ ရန်သူမျိုးငါးပါးကြားမှာ
ရှင်သန်နိုင်တယ်ဆိုတာ
နည်းတဲ့ ဖြတ်သန်းမှု မဟုတ်ပါဘူး။
ကိုယ့်ရဲ့ ဖြစ်တည်မှုကို
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်
အထင်မသေးလိုက်ပါနဲ့။
၃။ အပေါင်းအသင်းတွေကို ဂရုစိုက်ပါ။
ဓာတ်ကူးတတ်ပါတယ်။
တချို့က ဘူဓာတ်ကို ဖြန့်တတ်တယ်။
တချို့က အကြည်ဓာတ်ကို ယူဆောင်လာတယ်။
တချို့နဲ့ တွေ့ရင် ဥာဏ်ပွင့်တယ်။
တချို့နဲ့တွေ့ရင် ရှင်းနေတာတောင် ရှုပ်နိုင်တယ်။
တချို့က အားပေးတယ်။
တချို့က ဘတ်ထရီထဲက အင်နာဂျီတွေစုပ်ယူသွားသလို
energy vampire
ဒီတော့ ကိုယ့်ဘေးနားကလူတွေကို
ဂရုစိုက် ရွေးချယ်ပေါင်းသင်းပါ။
၄။ နေ့စဥ် မပျက်မကွက်လုပ်မည့်
အမူအကျင့်တွေ ထားပါ။
လေ့ကျင့်ခန်း ၁၅ မိနစ်လောက်လုပ်တာ
ဖြစ်ရင်ဖြစ်မယ်။
ဒါမှမဟုတ် တရားထိုင်တာ၊
ဘုရားဝတ်ပြုတာ ဖြစ်ရင်ဖြစ်မယ်။
စာဖတ်တာ ဖြစ်ရင်ဖြစ်မယ်။
နေ့စဥ် မပျက်မကွက်လုပ်မည့်
အမူအကျင့်တွေ ထားပါ။
ဒီ အမူအကျင့်တွေက ကိုယ့်ကို
ချုပ်တည်းထားတာမဟုတ်ပါဘူး။
ကိုယ့်ကို လွတ်မြောက်စေတာပါ။
၅။ စဥ်းစားခြင်းအတတ်ပညာလေ့လာပါ။
စဥ်းစားတယ်ဆိုတာ လေ့ကျင့်လို့ရပါတယ်။
စဥ်းစားတယ်ဆိုတာ သင်ယူလို့ရပါတယ်။
တဒင်္ဂ ခံစားချက်နဲ့ပဲ ဆုံးဖြတ်ချက်မချပါနဲ့။
သေချာ စဥ်းစားဆုံးဖြတ်ချက်ချပါ။
အတွေးပုံပြောင်းတဲ့ reframing လေ့လာပါ။
ဥပမာ ကိုယ်က ဒီနေ့သတ်မှတ်ထားတဲ့
အတိုင်း မလုပ်ဖြစ်ဘူးဆိုရင်
ငါ အသုံးမကျတဲ့သူ
သတ်မှတ်ထားပြီး မလုပ်နိုင်တဲ့သူဆိုပြီး
မညင်းဆဲပါနဲ့။
ငါနဲ့ ကိုက်တဲ့ အလုပ်ပုံစံမတွေ့သေးလို့။
ကိုက်တဲ့နည်းပြောင်းကြည့်မယ်လို့ စဥ်းစားကြည့်ပါ။
နည်းလမ်းရှာကြည့်ပါ။
အထက်က ငါးချက်က အားတီ၊ အားမေတို့အတွက်
အထောက်အကူပြုမယ်ယူဆလို့ မျှဝေပေးလိုက်ပါတယ်။
Phyo Paing @ Derek