Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝကို ပျော်ပျော်ရွင်ရွင်နေနိုင်ဖို့

၁။ လူတွေအပေါ်မျှော်လင့်ချက်တွေ
အများကြီးမထားနဲ့။ (expectations)

၂။ ပျော်ဖို့ တခြားသူတွေရဲ့ ခွင့်ပြုချက်တွေ
တောင်းခံမနေနဲ့။ (approval)

၃။ အတိတ်မှာဖြစ်ခဲ့တာတွေထားခဲ့တော့။
အတိတ်ဆိုတာ အနာဂတ်နဲ့မတူဘူး။ (The past ≠ The future)

၄။ ကိုယ့်ဘဝနဲ့ ကိုယ်၊
ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံဖို့ သတ္တိရှိ။ (The courage to be myself)

၅။ သူများနဲ့ နှိုင်းယှဥ်ပြီးစိတ်မညစ်နဲ့။ (competition)

၆။ ကယ်တင်ရှင်ကြီးမလုပ်ချင်နဲ့။
လူတိုင်း သူ့ဘဝသူ ကယ်တင်နိုင်တဲ့
အသိဥာဏ်ရှိတယ်ဆိုတာ နားလည်ထား။ (Savior)

၇။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်ကို
တစ်ခုခု ပြန်အကျိုးပြု (community feeling)

၈။ ကိုယ့်ရဲ့ သမိုင်းပေးတာဝန်ကိုယ်သိ (life task)
ကိုယ်တစ်ယောက်ထဲ အကုန်လုပ်မရဘူး။
ဖျားရင်ဆရာဝန်ဆီသွားရမယ်။
အမှုဖြစ်ရင် ရှေ့နေ။
အိမ်ဆောက်ရင် အင်ဂျင်နီယာ။
ကိုယ့်ရဲ့ တာဝန်ကိုယ်သိ။

၉။ လူတွေကို နားလည်အောင်ကြိုးစား (understanding)

၁၀။ လူတွေကို ပြောင်းလဲဖို့ အရမ်းမကြိုးစားနဲ့။
မောသွားလိမ့်မယ် အားတီ။​
မပြောင်းချင်တဲ့သူက မပြောင်းဘူး။
သူတို့ရဲ့ရွေးချယ်မှုကို လေးစား။ (respect)

၁၁။ အတ္တတွေ အရမ်းမများနဲ့။
ကမ္ဘာကြီးက ကိုယ့်ကိုချိန်ပြီးလည်နေတာမဟုတ်ဘူး။
ကိုယ်လိုချင်တာကြီး မကြည့်နဲ့။ (self-reliance, not self-centered)

၁၂။ အချစ်ဆိုတာရွေးချယ်မှုတစ်ခုပဲ။
ချစ်ရမှာ မကြောက်နဲ့။
ပြန်ရဖို့ ကျိန်းမသေလဲ သက်ဝင်ယုံကြည်မှုနဲ့
ကိုယ့်ဖက်က ဖြည့်ဆည်းပေးမယ်လို့
ဆန္ဒပြုထားတာအချစ်တဲ့။ (love is a choice)
To love means to commit oneself without guarantee, to give oneself completely. Love is an act of faith, and whoever is of little faith is also of little love.

ဒီနေ့ Alderian Psychology ပေါ်အခြေခံထားတဲ့
Fumitake Koga and Ichiro Kishimi ရေးတဲ့
လူငယ်လေးနဲ့ ဖလော်ဆော်ဖာ စကားပြောတဲ့ပုံနဲ့
ရေးထားတဲ့ The Courage To Be Happy
စာအုပ်ဖတ်ရင်း တွေးမိတာကို
၁၂ ချက်နဲ့ အကျဥ်းချုပ်ကြည့်လိုက်တယ်။​

Phyo Paing @ Derek

Share Your Idea!​