ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။
ငယ်တုန်းမှာ ဒီအကျင့်ရှိပေမယ့်
အသက်ကြီးလာတဲ့အခါ
တဖြည်းဖြည်းနည်းလာတတ်ကြတယ်။
ဒီအမူအကျင့်က တက်ကြွမှု
မော်တီဗေးရှင်းကိုဖြစ်နေတယ်။
အသစ်သင်ယူမှုကိုလဲဖြစ်စေတယ်။
ရင်ခုန်မှုကိုလဲဖြစ်စေတယ်။
မှတ်ဥာဏ်တွေကိုလဲ ပိုကောင်းစေတယ်။
ဘူဓာတ်တွေကိုလဲ ကျဆင်းစေတယ်။
တွေ့ရှိမှုအသစ်တွေ၊
နားလည်မှုအသစ်တွေဖြစ်တိုင်း
ဘဝကို ပိုစိတ်ကျေနပ်စေတယ်။
ဘာကြောင့်လဲဆို
ဒီအမူအကျင့်ကိုလုပ်တိုင်း
ဒါလေးတွေပိုထုတ်လွတ်တယ်။
Dopamine – “ရှာဖွေမှု”
Norepinephrine (Noradrenaline) – “အာရုံစူးစိုက်မှု”
Acetylcholine – “သင်ယူမှု”
Serotonin – “စိတ်ခံစားမှု”
GABA နှင့် Glutamate – “ဟန်ချက်ညီမှု”
Endorphins နှင့် Enkephalins – သဘာဝ “ကောင်းမွန်သော ခံစားမှု”
ဒီ ဦးနှောက်ဆဲလ်လေးတွေအချင်းချင်း
ဆက်သွယ်မှုမှာအသုံးပြုတဲ့
မော်လီကျူးလေးတွေထွက်တယ်။
ဒါကို neurotransmitters နူရိုထရမ်မစ်တာလို့ခေါ်တယ်။
ဒီအမူအကျင့်ကို သိပ္ပံပညာရှင်တွေမှာလဲတွေ့ရတယ်။
အောင်မြင်တဲ့ စီးပွားရေးသမားတွေမှာလဲတွေ့ရတယ်။
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်နေတဲ့
သူတွေမှာလဲတွေ့ရတယ်။
လီယိုနာဒို ဒါဗင်ချီရဲ့ ပထမဆုံး
လက်ကိုင်ထားတဲ့အချက်လဲဖြစ်တယ်။
ဒါကတော့ စူးစမ်းလေ့လာမှု
Curiosity ပဲဖြစ်ပါတယ်။
စူးစမ်းလေ့လာဖို့
မေးခွန်းကောင်းတွေမေးကြည့်ပါ။
စမ်းသပ်ကြည့်ပါ။
အမြဲမပြတ်သင်ယူပါ။
မတူညီတဲ့နေရာတွေသွားကြည့်ပါ။
မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ပါ။
တစ်ခုခုဆိုဘာကြောင့်လဲဆိုတဲ့
မေးခွန်းကိုမေးကြည့်ပါ။
ငါသိ၊ ငါတတ်ပြီးသား မလုပ်ပါနဲ့။
စိတ်တံခါးတွေကို မပိတ်ထားပါနဲ့။
ကိုယ့်ဘဝမှာ သိချင်ပြီး
မသိသေးတဲ့မေးခွန်းတွေကိုချရေးထားပါ။
သိဒ္ဓတ္ထမင်းသားဘဝက
နိမိတ်ကြီးလေးပါးဖြစ်တဲ့
လူအို၊ လူနာ၊ လူသေ၊ ရဟန်းကိုမြင်တွေ့ပြီး
ပထမသုံးခုဖြစ်တဲ့ လူသားတို့ရဲ့
ဒုက္ခဆင်းရဲဖြစ်တဲ့ အမှန်တရားကိုရှာဖွေဖို့
၂၉ နှစ်မှာ တောထွက်ရဟန်းကျင့်ခဲ့တယ်။
ဒီစူးစမ်းအဖြေရှာစိတ်နဲ့ ကြောင့်
ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်နဲ့
မဂ္ဂင်ရှစ်ပါးအတိုင်းကျင့်ကြံနေထိုင်ရင်း
ချုပ်ငြိမ်းမှု နိဗ္ဗာန်ကိုရောက်ရှိခဲ့တယ်။
ဗုဒ္ဓရဲ့လမ်းညွှန်မှုတွေနဲ့
the teaching of Buddha ဗုဒ္ဓဘာသာ
ဆိုပြီး လူဦးရေ သန်း ၃၂၀၊
ကမ္ဘာ့လူဦးရေရဲ့ ၄%
လေးယောက်မှာ တစ်ယောက်က
ဗုဒ္ဓအဆုံးအမကို လက်ခံကြတယ်။
စိတ်စမ်းလေ့လာလိုစိတ်က
အသက်ရှင်ပြီး အသက်ဝင်ဖို့အရေးကြီးတယ်။
Phyo Paing @ Derek